တောင်ကုတ်နေပူတောင် ကျောက်ထုတ်လုပ်မှုကို အပြီးပိတ်သိမ်းရန် စီစဉ်

တောင်ကုတ်နေပူတောင် ကျောက်ထုတ်လုပ်မှုကို အပြီးပိတ်သိမ်းရန် စီစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရခိုင်ရိုးမပေါ်တွင် တည်ရှိသည့် နေပူတောင်မှ ကျောက်ထုတ်လုပ်မှုကို ကုမ္ပဏီအနေဖြင့် အပြီးပိတ်သိမ်းရန် စီစဉ်နေသည်ဟု သိရှိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ ဦးကျော်ကျော်၏ ရခိုင်ရိုးမ နေပူတောင် ကျောက်ထုတ်လုပ်မှုစီမံကိန်းကို ရပ်ဆိုင်းထားပြီး သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းစီမံကိန်း အဖြစ် အစားထိုး ပြောင်းလဲလုပ်ကိုင်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားစဉ် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားရာတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်းရှိ ရခိုင်ရိုးမပေါ်တွင် တည်ရှိသည့် နေပူတောင်နေရာကို သဘာဝအခြေခံ ခရီးသွားဒေသအဖြစ် ပေါ်ပေါက်ရေးအတွက် ဖော်ထုတ်မြှင့်တင်ကြော်ငြာဆောင်ရွက်သွားရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း၊ ကုမ္ပဏီမှ ထုတ်လုပ်မှု လုပ်ငန်းများ အပြီးပိတ်သိမ်းခွင့်တင်ပြထားချက်အပေါ် လုပ်ထုံးလုပ်နည်းနှင့် အတူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် သဘောတူစာချုပ်ဖျက်သိမ်းပြီးပါက ပြည်နယ် အစိုးရအနေဖြင့် နေပူတောင်ဒေသကို သဘာဝ အခြေခံ ခရီးသွားစခန်းအဖြစ် တိုးမြှင့် သတ်မှတ်မည်ဆိုပါ ဒေသတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

နေပူတောင် ကျောက်ထုတ်လုပ်မှုကို လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီမှာ ဗီယက်နမ်ကုမ္ပဏီ SIMCO (Song Da Limited Joint Stoke Company and MYSICO) ဖြစ်ကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...