တောင်ကုတ်နေပူတောင် ကျောက်ထုတ်လုပ်မှုကို အပြီးပိတ်သိမ်းရန် စီစဉ်

တောင်ကုတ်နေပူတောင် ကျောက်ထုတ်လုပ်မှုကို အပြီးပိတ်သိမ်းရန် စီစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရခိုင်ရိုးမပေါ်တွင် တည်ရှိသည့် နေပူတောင်မှ ကျောက်ထုတ်လုပ်မှုကို ကုမ္ပဏီအနေဖြင့် အပြီးပိတ်သိမ်းရန် စီစဉ်နေသည်ဟု သိရှိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ ဦးကျော်ကျော်၏ ရခိုင်ရိုးမ နေပူတောင် ကျောက်ထုတ်လုပ်မှုစီမံကိန်းကို ရပ်ဆိုင်းထားပြီး သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းစီမံကိန်း အဖြစ် အစားထိုး ပြောင်းလဲလုပ်ကိုင်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားစဉ် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားရာတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်းရှိ ရခိုင်ရိုးမပေါ်တွင် တည်ရှိသည့် နေပူတောင်နေရာကို သဘာဝအခြေခံ ခရီးသွားဒေသအဖြစ် ပေါ်ပေါက်ရေးအတွက် ဖော်ထုတ်မြှင့်တင်ကြော်ငြာဆောင်ရွက်သွားရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း၊ ကုမ္ပဏီမှ ထုတ်လုပ်မှု လုပ်ငန်းများ အပြီးပိတ်သိမ်းခွင့်တင်ပြထားချက်အပေါ် လုပ်ထုံးလုပ်နည်းနှင့် အတူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် သဘောတူစာချုပ်ဖျက်သိမ်းပြီးပါက ပြည်နယ် အစိုးရအနေဖြင့် နေပူတောင်ဒေသကို သဘာဝ အခြေခံ ခရီးသွားစခန်းအဖြစ် တိုးမြှင့် သတ်မှတ်မည်ဆိုပါ ဒေသတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

နေပူတောင် ကျောက်ထုတ်လုပ်မှုကို လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီမှာ ဗီယက်နမ်ကုမ္ပဏီ SIMCO (Song Da Limited Joint Stoke Company and MYSICO) ဖြစ်ကြောင်း သိရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...