တောင်ကုတ်ဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များဂုဏ်ပြု

တောင်ကုတ်ဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များဂုဏ်ပြု
by -
စိုးဇံအောင်(တောင်ကုတ်)

တောင်ကုတ်ဒီဂရီကောလိပ် ၂၀၁၇-၂၀၁၈နှစ်လည် မဂ္ဂဇင်းတွင် စာမူရေးသားချီးမြှင့်ပေးခဲ့သော စာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို တောင်ကုတ်ဒီဂရီကောလိပ်၌ ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်နေ့) နံနက်က ပြုလုပ်ခဲ့သည်။

မြန်မာစာဌာနမှ ဆရာဦး ဝဏ္ဏထွန်းက"ကျွန်တော်တို့ ဒီပွဲလုပ်တယ်ဆိုတာကတော့ဒီတောင်ကုတ် ဒီဂရီကောလိပ်ရဲ့ နှစ်လည်မဂ္ဂဇင်းမှာ စာမူချီးမြှင့်ပေးပို့တဲ့ စာရေးဆရာ၊ ကဗျာ ဆရာတွေကို ဂုဏ်ပြုချင်တဲ့သဘောပါပဲ။ ဟိုစာမူခလို့ မဟုတ်ဘဲ စာရေးဆရာ ကဗျာဆရာတွေကို ဂုဏ်ပြုတယ်ဆိုရင် ပိုမှန်ပါတယ်"ဟု နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် တောင်ကုတ်ဒီဂရီကောလိပ်ရှိ ဒွါရာဝတီခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အခမ်းအနားတွင် တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးမြင့်ဆွေက အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး နှစ်လည်မဂ္ဂဇင်းကော်မတီ ဥက္ကဌမှ ဂုဏ်ပြု ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ကာ တောင်ကုတ်ဒေသခံ ကဗျာဆရာမောင်နှစ်သိမ့်(တောင်ကုတ်)မှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

တက်ရောက်လာသောစာမူရှင်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီ တွင်ပြီးဆုံးခဲ့သည်ဟု သိရသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...