တောင်ကုတ်ဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များဂုဏ်ပြု

တောင်ကုတ်ဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များဂုဏ်ပြု
by -
စိုးဇံအောင်(တောင်ကုတ်)

တောင်ကုတ်ဒီဂရီကောလိပ် ၂၀၁၇-၂၀၁၈နှစ်လည် မဂ္ဂဇင်းတွင် စာမူရေးသားချီးမြှင့်ပေးခဲ့သော စာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို တောင်ကုတ်ဒီဂရီကောလိပ်၌ ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်နေ့) နံနက်က ပြုလုပ်ခဲ့သည်။

မြန်မာစာဌာနမှ ဆရာဦး ဝဏ္ဏထွန်းက"ကျွန်တော်တို့ ဒီပွဲလုပ်တယ်ဆိုတာကတော့ဒီတောင်ကုတ် ဒီဂရီကောလိပ်ရဲ့ နှစ်လည်မဂ္ဂဇင်းမှာ စာမူချီးမြှင့်ပေးပို့တဲ့ စာရေးဆရာ၊ ကဗျာ ဆရာတွေကို ဂုဏ်ပြုချင်တဲ့သဘောပါပဲ။ ဟိုစာမူခလို့ မဟုတ်ဘဲ စာရေးဆရာ ကဗျာဆရာတွေကို ဂုဏ်ပြုတယ်ဆိုရင် ပိုမှန်ပါတယ်"ဟု နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် တောင်ကုတ်ဒီဂရီကောလိပ်ရှိ ဒွါရာဝတီခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အခမ်းအနားတွင် တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးမြင့်ဆွေက အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး နှစ်လည်မဂ္ဂဇင်းကော်မတီ ဥက္ကဌမှ ဂုဏ်ပြု ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ကာ တောင်ကုတ်ဒေသခံ ကဗျာဆရာမောင်နှစ်သိမ့်(တောင်ကုတ်)မှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

တက်ရောက်လာသောစာမူရှင်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီ တွင်ပြီးဆုံးခဲ့သည်ဟု သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...