တပ်မတော် အသရေဖျက်မှုဖြင့် စွပ်စွဲခံ ဦးလွမ်းဇောင်း၏ သက်သေများကို စစ်ဆေး

တပ်မတော် အသရေဖျက်မှုဖြင့် စွပ်စွဲခံ ဦးလွမ်းဇောင်း၏ သက်သေများကို စစ်ဆေး

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးလွမ်းဇောင်း၏ သက်သေ (၃)ဦးကို ယမန်နေ့ မနက် မြစ်ကြီးနား မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးလွမ်းဇောင်း အော်ဟစ်ခဲ့သော အချက်ဖြစ်သည့် “စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးများကျဲသည်” ဟူသော အသုံးအနှုန်းသည် မှန်ကန်မူ ရှိမရှိ သက်သေ (၃)ဦးဖြစ်သော မ ဆွတ်ဆိုင်းထွယ်၊ ဦးနော်အောန် နှင့် ရှေ့နေ ဆိုင်းခွမ်အောင် တို့ကို စစ်ဆေးခဲ့သည်။

ဦး လွမ်းဇောင်း အနေဖြင့် ဆန္ဒဖော်ထုတ်ချိန်တွင် တပ်မတော်၏ ဂုဏ်အသရေပျက်စေသော အသုံးအနှုန်းများ ပြောဆိုခြင်း မရှိသည့်အပြင် စစ်တပ်မှ ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးများကျဲသည် ဟူသော စာသားပါ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး အော်ဟစ်ခြင်းလည်း မတွေ့ရှိခဲ့ကြောင်း သက်သေ (၃)ဦးအနက် မ ဆွတ်ဆိုင်းထွယ်အား စစ်ဆေးခဲ့ရာ ယခုလို ထွက်ဆိုသွားခဲ့သည်ဟု ပြောပါသည်။

စက်တင်ဘာ (၁၇)ရက်နေ့ ရုံးချိန်းတွင် ဦးလွမ်းဇောင်း၏ ကျန်ရှိ သက်သေ (၂)ဦးနှင့် ဦးဇော်ဂျတ် ၏ သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...