တပ်မတော် အသရေဖျက်မှုဖြင့် စွပ်စွဲခံ ဦးလွမ်းဇောင်း၏ သက်သေများကို စစ်ဆေး

တပ်မတော် အသရေဖျက်မှုဖြင့် စွပ်စွဲခံ ဦးလွမ်းဇောင်း၏ သက်သေများကို စစ်ဆေး

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးလွမ်းဇောင်း၏ သက်သေ (၃)ဦးကို ယမန်နေ့ မနက် မြစ်ကြီးနား မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးလွမ်းဇောင်း အော်ဟစ်ခဲ့သော အချက်ဖြစ်သည့် “စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးများကျဲသည်” ဟူသော အသုံးအနှုန်းသည် မှန်ကန်မူ ရှိမရှိ သက်သေ (၃)ဦးဖြစ်သော မ ဆွတ်ဆိုင်းထွယ်၊ ဦးနော်အောန် နှင့် ရှေ့နေ ဆိုင်းခွမ်အောင် တို့ကို စစ်ဆေးခဲ့သည်။

ဦး လွမ်းဇောင်း အနေဖြင့် ဆန္ဒဖော်ထုတ်ချိန်တွင် တပ်မတော်၏ ဂုဏ်အသရေပျက်စေသော အသုံးအနှုန်းများ ပြောဆိုခြင်း မရှိသည့်အပြင် စစ်တပ်မှ ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးများကျဲသည် ဟူသော စာသားပါ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး အော်ဟစ်ခြင်းလည်း မတွေ့ရှိခဲ့ကြောင်း သက်သေ (၃)ဦးအနက် မ ဆွတ်ဆိုင်းထွယ်အား စစ်ဆေးခဲ့ရာ ယခုလို ထွက်ဆိုသွားခဲ့သည်ဟု ပြောပါသည်။

စက်တင်ဘာ (၁၇)ရက်နေ့ ရုံးချိန်းတွင် ဦးလွမ်းဇောင်း၏ ကျန်ရှိ သက်သေ (၂)ဦးနှင့် ဦးဇော်ဂျတ် ၏ သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...