ရှမ်းပြည်နယ်မှ ကယားပြည်နယ်သို့ ငမြှောင်တောင်ပိုင်း ပျံ့နှံ့လာဖွယ်ရှိ

ရှမ်းပြည်နယ်မှ ကယားပြည်နယ်သို့ ငမြှောင်တောင်ပိုင်း ပျံ့နှံ့လာဖွယ်ရှိ
by -
မူဂျာမီလှိုင်
ဖယ်ခုံမြို့နယ်ရှိ ပြောင်းစိုက်ခင်းတွင်ကျရောက်နေသော ငမြောင်တောင်ပိုးများ(ဓါတ်ပုံ-နော်ဒွေးအယ်ခူ)
ဖယ်ခုံမြို့နယ်ရှိ ပြောင်းစိုက်ခင်းတွင်ကျရောက်နေသော ငမြောင်တောင်ပိုးများ(ဓါတ်ပုံ-နော်ဒွေးအယ်ခူ)

ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံမြို့နယ်ဘက်တွင် ငမြှောင်တောင်ပိုးများ စိုက်ခင်းအတွင်း ဝင်ရောက်ဖျက်ဆီးမှုမှာ ကယားပြည်နယ်ထိပါ ဝင်ရောက်နိုင်ချေရှိကြောင်း စိုးရိမ်မှုများရှိနေသည်။

“အခုတော့မရောက်သေးဘူး ဒါပေမဲ့ ရောက်နိုင်ချေတော့ အများကြီးရှိတာပေါ့” ဟု ကယားပြည်နယ် ပြောင်းစိုက်တောင်သူများအသင်း ဥက္ကဌဦးမြင့်မောင်က ပြောသည်။

ငမြှောင်တောင်ပိုးများ ဖျက်ဆီးမှုကြောင့် သီပေါတွင်ဧက ၂ဝဝကျော်နှင့် ဖယ်ခုံတွင် ဧက ၃ဝ ကျော်ခန့်၊ နောင်ချိုတွင်လည်း ဧကပေါင်း ၂ဝဝ ခန့် ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် ကယားပြည်နယ်တွင်လည်း ရက်ပိုင်းအတွင်း ဝင်ရောက်လာနိုင်သည့်အတွက် တောင်သူများ ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခင်ပတ်တွင် ဖယ်ခုံအင်းအနောက်ဘက်တွင်သာ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ယခုရက်ပိုင်းတွင် အင်းအရှေ့ဘက်ရှိ စိုက်ပျိုးခင်းထိပါ ဝင်ရောက်လာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့ရက်က တစ်ခြံတော့ကြားတယ် စိုက်ပျိုးရေးသမားတွေလာကြည့်သေးတယ် ခုတော့ဘာအသံမှ မကြားတော့ဘူးပဲ” ဟု ဖယ်ခုံမြို့အင်းရှေ့ဘက်ကမ်းရှိ တောင်သူ မူအန်တောညာက ပြောသည်။

အင်းအနောက်ပိုင်းနှင့် အရှေ့ပိုင်းထိပါ ပိုးများရောက်ရှိလာပြီဖြစ်ပြီး ကယားပြည်နယ်ထိပါ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့်အတွက် တောင်သူများက စိုးရိမ်နေကြသည်။ ရှမ်း/တောင်ဒေသဘက်တွင် ဧကရာချီ ပိုးများကျရောက်နေပြီဖြစ်ပြီး စိုကပျိုးရေးဌာနနှင့် တောင်သူများ ဝိုင်းဝန်းဖျက်ဆီးပစ်သည့် စိုက်ခင်းမှာ ၈ ဧကခန့်ရှိသည်။

အခြားစိုက်ခင်းများအတွင်း ပိုးများအလွယ်တကူ ကူးစက်ဝင်ရောက်လာခြင်း မရှိစေရန် စိုက်ပျိုးရေးဌာနမှ တောင်သူများကို တူးမြောင်းများ တူးဖော်စေခြင်း၊ ပိုးသတ်ဆေးများဖျန်းပြီး ကာကွယ်ထားကြသည်။

တောင်သူဦးစောလှဒူက “နောင်ဝိုးမှာလည်းဖြစ်တယ်။ ဒါပေမဲ့ သူတို့က အချိန်မီလုပ်တာနဲ့ ပျောက်သွားပြီ” ဟုပြောသည်။

စိုက်ပျိုးရေးဌာနမှ ပိုးဖျက်ဆီးလိုက်သည့် တောင်သူသီးနှံများအတွက် နေကြာမျိုးစေ့ ၈ထုပ်၊ မြေသြဇာ ၂ အိတ်နှင့် မြေအောင်းပိုးသတ်ဆေး ၁ဝ ထုပ်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“လောလောဆယ် ပျက်စီးသွားတဲ့ဧကအတွက်တော့ အစ်မတို့ မြေသြဇာနဲ့မျိုးစေ့ကို ထောက်ပံ့ပေးခဲ့တယ်ပေါ့” ဟု ဖယ်ခုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းထက်ကပြောသည်။

၄င်းတို့မှဦးစီးပြီး အလုပ်သမားများငှားရမ်းကာ မြောင်းရှင်းခြင်းနှင့် မြောင်းဖော်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားကြောင်း သိရသည်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...