ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကျင်းပရေးနှင့်ပတ်သက်ပြီး ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကျင်းပရေးနှင့်ပတ်သက်ပြီး ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

လာမည့် စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ဆရာတော် အရှင်ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံ အရှေ့မုဒ် အနီးရှိ ရခိုင်ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

“ ဆရာတော် ဦးဥတ္တမနေ့ကို ဘယ်လို ကျင်းပသွားဖို့ စီစဉ်ထားတယ်။ အခမ်းအနား ကျင်းပမယ့် အစီအစဉ်တွေရယ်၊ ကျင်းပမယ့် ရည်ရွယ်ချက်တွေကို သတင်းမီဒီယာ သမားတွေကို ရှင်းလင်း ပြောကြားလိုတဲ့ အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု (၇၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ပြောကြားသည်။

မြန်မာ့လွတ်လပ်ရေး မီးရှုတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ကို ရန်ကုန်မြို့တွင် လွန်ခဲ့သောနှစ်များကလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သလို ယခုနှစ်တွင်လည်း 

စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်လည်း တက်ရောက်မည် ဖြစ်ကြောင်း ဦးသင်္ခါကျော်က ပြောကြားသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...