ဦးကွမ်ဂေါင် အောင်ခမ်း ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ဆုတောင်း ဆက်ကပ်

ဦးကွမ်ဂေါင် အောင်ခမ်း ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ဆုတောင်း ဆက်ကပ်

ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကချင်ပါတီပေါင်းစည်းအဖွဲ့ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်း ၏ မဲဆွယ်စည်းရုံးရေး အစီစဉ်ကို  စက်တင်ဘာ (၃)ရက်နေ့တွင် အသင်းတော်များသို့ သွားရောက် ဆုတောင်း ဆက်ကပ်ခြင်းဖြင့် စတင်လိုက်သည်။

မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်များရုံး နှင့် မြေမြင့် ကက်သလစ် သာသနာပိုင် သံလုကာဓမ္မာရုံ များသို့ သွားရောက်ပြီး အမှုတော်ဆောင် ဆရာတော်ကြီးများ၏ လက်တင် ဆုတောင်း မင်္ဂလာပေးခြင်း ကို ခံယူခဲ့သည်။

Kachin Democratic Party (KDP) ၏ ဥက္ကဌ ဦး ကွမ်ဂေါင်အောင်ခမ်း အား ကချင်ပါတီပေါင်းစည်းအဖွဲ့ ကိုယ်စား မြစ်ကြီးနားမြို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)တွင် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းထားသည့် Kachin State Party (KSP) သည် တရားဝင်ပါတီ မဖြစ်သေးချိန် ဦးကွမ်ဂေါင်အောင်ခမ်း က KDP ပါတီ အားဖြင့် နိုဝင်ဘာ (၃)ရက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းလည်း ဖြစ်သည်။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...