ဦးကွမ်ဂေါင် အောင်ခမ်း ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ဆုတောင်း ဆက်ကပ်

ဦးကွမ်ဂေါင် အောင်ခမ်း ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ဆုတောင်း ဆက်ကပ်

ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကချင်ပါတီပေါင်းစည်းအဖွဲ့ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်း ၏ မဲဆွယ်စည်းရုံးရေး အစီစဉ်ကို  စက်တင်ဘာ (၃)ရက်နေ့တွင် အသင်းတော်များသို့ သွားရောက် ဆုတောင်း ဆက်ကပ်ခြင်းဖြင့် စတင်လိုက်သည်။

မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်များရုံး နှင့် မြေမြင့် ကက်သလစ် သာသနာပိုင် သံလုကာဓမ္မာရုံ များသို့ သွားရောက်ပြီး အမှုတော်ဆောင် ဆရာတော်ကြီးများ၏ လက်တင် ဆုတောင်း မင်္ဂလာပေးခြင်း ကို ခံယူခဲ့သည်။

Kachin Democratic Party (KDP) ၏ ဥက္ကဌ ဦး ကွမ်ဂေါင်အောင်ခမ်း အား ကချင်ပါတီပေါင်းစည်းအဖွဲ့ ကိုယ်စား မြစ်ကြီးနားမြို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)တွင် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းထားသည့် Kachin State Party (KSP) သည် တရားဝင်ပါတီ မဖြစ်သေးချိန် ဦးကွမ်ဂေါင်အောင်ခမ်း က KDP ပါတီ အားဖြင့် နိုဝင်ဘာ (၃)ရက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းလည်း ဖြစ်သည်။

Most read this week

ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...