အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းနှစ်ပတ်လည် အစည်းအဝေးကျင်းပမည်

အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းနှစ်ပတ်လည် အစည်းအဝေးကျင်းပမည်

အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်း (Arakan Amrican Community) ၏ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို လာမည့် စက်တင်ဘာ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

“အမေရိကန်ရောက် ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ပြီး အခုအစည်းအဝေးကနေ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု သတင်းနှင့်ပြန်ကြားရေးကော်မတီဝင် ကိုဦးသိန်းမောင်က ပြောကြားသည်။

အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ နဘရားစကားပြည်နယ်၊ အိုမာဟာမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ ဒီအစည်းကို အမေရိကန်ပြည်ထောင်စုရောက် ရခိုင်အမျိုးသား အမျိုးသမီးတွေကို ဖိတ်ခေါ်ထားပါတယ်။ လူပေါင်းကတော့ ၂၀၀ ကနေ ၃၀၀ ကြားတက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူက ပြောကြားသည်။

အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းသည် အမေရိကန်ရောက် ရခိုင်အမျိုးသားများဖြင့် စုပေါင်း ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အနာဂတ်တွင်လည်း ရခိုင်အမျိုးသားရေးရာ ကိစ္စရပ်များတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သွားရန် ရည်ရွယ်ထားကြောင်း ကိုဦးသိန်းမောင်က ပြောဆိုသည်။

အစည်းအဝေးကို နံနက် ၉ နာရီတွင် စတင်ကျင်းပမည် ဖြစ်ပြီး အစည်းအဝေး ပြုလုပ်မည့် နေရာမှာ 6005 Grover St, Omaha, NE 68106 ဖြစ်ကြောင်း သိရသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...