ယိုးတရုပ်တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာဆောက်မည့် စျေးဟောင်းမြေ ပြန်လည်ရရှိရေး ဒေသခံ ၅ဝဝ ခန့် ဆန္ဒပြတောင်းဆို

ယိုးတရုပ်တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာဆောက်မည့် စျေးဟောင်းမြေ ပြန်လည်ရရှိရေး ဒေသခံ ၅ဝဝ ခန့် ဆန္ဒပြတောင်းဆို
by -
မာန်ယုကျော် (ရွှေဝမြေ)
ယိုးတရုပ်ကျေးရွာမြေကိစ္စအား အမှုမှန်ပေါ်ပေါက်စေရန် ဆန္ဒထုတ်ဖော်ပွဲနှင့် ၎င်းမြေကို ခြံစည်းရိုးထိုးနေသည်ကိုတွေ့ရစဉ်။
ယိုးတရုပ်ကျေးရွာမြေကိစ္စအား အမှုမှန်ပေါ်ပေါက်စေရန် ဆန္ဒထုတ်ဖော်ပွဲနှင့် ၎င်းမြေကို ခြံစည်းရိုးထိုးနေသည်ကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၏ ရွာဘုံမြေဖြစ်ပြီး တိုက်နယ်ဆေးရုံဝန်ထမ်း အိမ်ရာ ဆောက်လုပ်ရန် သတ်မှတ်ထားသည့် စျေးဟောင်းမြေနေရာအား ပုဂ္ဂိုလ်တစ်ဦးမှ သူပိုင်မြေဟုဆိုကာ ခြံခတ်သဖြင့် ၎င်းမြေ ပြန်လည်ရရှိရေးအတွက် ဒေသခံ ၅ဝဝ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

၎င်းဆန္ဒပြပွဲကို သြဂုတ်လ ၂၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ကို လှည့်လည်ပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အကျယ်အဝန်း ဝ ဒသမ ၃ဝ ဧကရှိသည့် အဆိုပါမြေသည် မြေစာရင်းပုံစံ(၁၀၅/၁၀၆) ရရှိ ထားသော မြေဖြစ်သလို ယိုးတရုပ် တိုက်နယ် ဆေးရုံဝန်ထမ်းအိမ်ရာ အဖြစ်တည်ဆောက်ရန် သတ်မှတ်ထားသည့် မြေနေရာ ဖြစ်ကြောင်းလည်း ဆန္ဒပြရာတွင်ပါဝင်သူ ဦးမိုးသီးက ပြောသည်။

ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် နိုင်ငံတော်က ဘတ်ဂျက် ချထားပေးပြီးဖြစ်သည်ဟုလည်း သိရသည်။

ဦးရွှေကျော် ဆိုသူက သူပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်ရာမှတဆင့် ယခုကဲ့သို့ ရွာသားများနှင့် ဦးရွှေကျော်ကြားတွင် နှစ်ဘက်အငြင်းပွားမှု ပေါ်ပေါက် နေခြင်း ဖြစ်သည်။

"အမှန်တရားဖြစ်အောင် အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဒီအမှုကို မှန်/ မမှန် စစ်ဆေး ဖော်ထုတ်ပေးပါလို့ တောင်းဆိုပါတယ်"ဟု ဦးမိုးသီးက ဆက်လက် ပြောဆိုသည်။

အဆိုပါမြေနှင့်ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ်မှစတင်ကာ ယခုကဲ့သို့ အငြင်းပွားနေကြခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် နှစ်ဘက် အပြန်အလှန်တရားစွဲဆိုမှုများပင်ရှိခဲ့ကြောင်းလည်း ရွာသားများက ဆိုသည်။

"ကျွန်တော်တို့ဘက်က အခိုင်အမာ အထောက်အထားတွေကို အသေအချာ တင်ပြပေမယ့် ဦးရွှေကျော်မှာလိမ်လည်တင်ပြတဲ့အကြောင်းအရာလေးတွေကို သူတို့က တရားရုံးမှာ အလေး ထားပြီးတော့ သူပိုင်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ် "ဟု ဆန္ဒပြတောင်းဆိုသူ ဦးလှရွှေက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး အမှန်တရား ဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဆန္ဒပြသူများက တစ်ညီတညွတ်တည်း ပြောဆိုကြသည်။

 

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...