ဘူးသီးတောင်တွင် ကျပ်သိန်း ၄သောင်းကျော် တန်းဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော် ဖမ်းမိ

ဘူးသီးတောင်တွင် ကျပ်သိန်း ၄သောင်းကျော် တန်းဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော် ဖမ်းမိ
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်တွင် သြဂုတ် ၂၅ ရက်နေ့က ကျပ်သိန်း ၄၃၀၀၀ ကျော် တန်ဖိုး WY စိတ်ကြွ ဆေးပြားများ ၁၄၅၂၇၅ဝ ပြား ဖမ်းမိကြောင်း သတင်းရရှိသည်။

မောင်တောခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ထွန်းမြင့်ထွန်းက “ ဟုတ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ မနေ့ညနေ ၆ နာရီ ခွဲလာက်မှာ ဖမ်းမိတာပါ။ စုစုပေါင်း ရူးသွပ်စိတ်ကြွဆေးပြား တစ်သန်း လေးသိန်း ငါးသောင်းကျော် ဖမ်းမိပါတယ်” ဟု နိရဥ္စရာသတင်းဌာသို့ အတည်ပြု ပြောကြားသည်။

အဆိုပါစိတ်ကြွဆေးပြားများကို ဘူးသီးတောင်မြို့ အမှတ်(၅) ရပ်ကွက် မြို့ဝင်ထွက် စစ်ဆေးရေး ဂိတ်တွင် ဓညဝတီလမ်းအတိုင်း မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိခဲ့သည့်မော်တော်ယာဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် အမှတ်(၁)ရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးလွင် (၃၇ နှစ်)နှင့် တစ်ရပ်ကွက်တည်းနေ ကျော်စိုးဦး (ခ)ခင်မောင်ဝင်း (၄၁ နှစ်)တို့ပါရှိပြီး မူးယစ်ဆေးပြားများကို ယာဉ်နောက်ခန်းတွင် ထည့်၍ သယ်ဆောင်လာခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

“ ကျွန်တော်တို့က သတင်းအရရော၊ ကားကို မသင်္ကာတဲ့ အတွက်ရော ဖမ်းဆီး စစ်ဆေးစဉ်မှာ ဖမ်းမိတာ ဖြစ်ပါတယ်။ အခုတစ်လော ယာဘားစိတ်ကြွဆေးပြားတွေ ဖမ်းမိတာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်တွေထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးနဲ့ ကာကွယ် ဖမ်းဆီးရမယ်ဆိုတဲ့ တာဝန်တွေလည်း ပါတယ်ခင်ဗျား။ အဓိက အခု ဖိဖိစီးစီးလေး ဆောင်ရွက်နေတဲ့ အတွက် အခုလို ဖမ်းမိတာပါ” ဟု ခရိုင် ဒုတိယ ရဲမှူးကြီးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မူးယစ်ဆေးများနှင့်အတူဖမ်းမိခဲ့သူနှစ်ဦးအား ဘူးသီးတောင်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ယာဉ်ကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

ယခုနောက်ပိုင်း ဘူးသီးတောင်မြို့အပါအဝင် စစ်တွေ၊ မောင်တောနှင့် တောင်ကုတ်မြို့များတွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိမှုများရှိနေသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...