ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ကို ပြည်သူများသိရန် ဖြန့်ဝေ

ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ကို ပြည်သူများသိရန် ဖြန့်ဝေ
by -
ခူးစိုးရယ်

ဇူလိုင်လ ဒုတိယအပတ်က ကျင်းပခဲ့သည် ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များကို ပြည်သူများ သိရှိရန် ပြန်လည်အသိပေးဆွေးနွေးခြင်းကို ဇူလိုင်လ ၂၈ ရက်နေ့က မိုးဗြဲတွင် ပြုလုပ်ခဲ့သည်။

“နိုင်ငံတော်အဆင့် ၂၁ ရာစု ပင်လုံတတိယအကြိမ် လုပ်လာခဲ့တာ သဘောတူညီချက်တွေ ထွက်လာတယ်၊ ထွက်လာတဲ့ သဘောတူညီချက်တွေ ဒီကပြည်သူလူထုတွေ မသိရဘူး။”ဟု အလင်းသစ်လူမှုဖွ့ံဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ခွန်းဒီးဒီက ပြောသည်။

ညီလာခံ အတွေ့အကြုံများကို ပြောပြခြင်းအားဖြင့် ၂၁ ပင်လုံရဲ့ သဘောတူညီများအချက်ပေါ် ပြည်သူလူထုက သုံးသပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အထိ သဘောတူဆုံးဖြတ်ထားခဲ့သော အချက်အလက်များ ချပြရှင်းလင်း တင်ပြခြင်းနှင့် ၄င်း ညီလာခံနှင့် ပတ်သက်ပြီး ဖိတ်ကြားသူများက မိမိတို့၏ အတွေ့အကြုံ၊ သဘောထားအမြင်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

“ပင်လုံက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုံးဝအသုံးမကျတဲ့ဟာပေါ့၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ထင်ခဲ့ဖူးတယ် ၊ တစ်ခါတစ်ခါပြန်စဉ်းစားကြည့်ရင် ဒါကိုမဆွေးနွေးဘဲ ရပ်လိုက်ရင် ကျွန်တော်တို့ရဲ့ နောက်ထပ်ရွေးချယ်မူကဘာလဲ (၂၁) ပင်လုံက လူထုကျေနပ်လောက်အောင်မရပေမယ့် ပြောလို့ဆိုလို့ရနေသေးတယ်”ဟု စိမ်းလန်းဘဝလူမှုဖွံံ့ဖြိုးမှုအဖွဲ့ ဒါရိုက်တာ အောင်ဇော်ဝင်းက ပြောသည်။

ပါဝင်ဆွေးနွေးခဲ့သူ ခွန်းမာကိုဘန်းက “လက်ရှိထဲထဲဝင်ဝင်ပါဝင်နေတဲ့ ပင်လုံအကြောင်းနဲ့ သမိုင်းကို အခါတစ်ရာလောက်ပြောရင် အနာဂတ်အတွက် အခါတစ်ထောင်လောက်ပြန်ပြောဖို့လိုတယ်။”ဟု ၄င်းက ပြောသည်။

၂၀၁၈ ခုနှစ်တွင် နောက်တစ်ကြိမ် ၂၁ ပင်လုံ စတုတ္ထအကြိမ်ညီလာခံ ပြုလုပ်ပြီးလျှင် ဒီလိုလူထုထံ ပြန်တင်ပြပြီး လူထုတွေဆီကနေ သဘောထားမှတ်ချက်များကို ရယူသွားမည်ဟု ဆိုသည်။

“လူထုနဲ့ပြန်လာ ဆွေးနွေးတဲ့ခေါင်းဆောင်တွေ ဒီအသံတွေကိုယူသွားစေချင်တယ်၊ နောက်ဆုံကျွန်တော်မှတ််ချက်အနေနဲ့ ဒီပွဲလိုမျိုးကိုနေရာတိုင်း၊ ဒေသတိုင်းမှာလုပ်ပေးနိုင်ရင်လူထုရဲ့ပါဝင်မှုတွေ ၊ လူထုရဲ့အသံတွေထွက်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။”ဟု ခွန်းဒီးဒီက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူငယ်နှင့် အမျိုးသမီးများစသည့် အဖွဲ့အစည်းအသီးသီးမှ လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...