တောင်ပြိုမှုကြောင့် ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းမကြီး သွားလာရေးပြတ်တောက်

တောင်ပြိုမှုကြောင့် ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းမကြီး သွားလာရေးပြတ်တောက်
by -
စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူ လမ်းမကြီး ယက္ကလားကျေးရွာအနီး၌  ဇူလိုင် ၂၉ ရက်နေ့ တောင်ပြိုမှုကြောင့် သွားလာရေးပြတ်တောက်သွားကြောင်း သိရသည်။

“ ည ၁၂ နာရီကျော် ယက္ကလားကျေးရွာ ဒေါ်တင်အေး ထမင်းဆိုင်အနားမှာ တောင်ပြိုတယ် ။ ရေးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့ ဘုရားသုံးဆူလူမှုကယ်ဆယ်ရေးအဖွဲ့တွေ လမ်းပိတ်ဆို့နေလို့ သွားကူပေးရတယ်။ အခုလုံးဝသွားလို့မရတော့ဘူး” ဟု ကြာအင်းဆိပ်ကြီးမြို့ခံ နိုင်လင်းအောင်က ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိကြီးမြို့နယ်အင်ဂျင်နီယာ ဦးစီးမှူး ဦးသိန်းဇော်ဌေးက “ ရေကြီးနေလို့ စက်တွေ ပို့လို့မရဘူး။ ရွာမှာ ထွန်စက်တွေ လိုက်ဌားနေတယ်။ ပြီးအောင်လုပ်မယ်။ လောလောဆယ် ထွန်စက်မရသေးလို့ လူနဲ့ဘဲ ဖယ်နေတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ တောင်ပြိုမှုကြောင့်လမ်းပိတ်ဆို့မှုအပေါ် သက်ဆိုင်ရာနှင့်ဒေသခံများ ရှင်းလင်းရေး တက်နိုင်သလောက်လုပ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...