လားရှိုးမြို့အရှေ့ဘက်ကျေးရွာတချို့ တပ်မတော်မှ ရွာသားများအား ချောဆွဲခြိမ်းခြောက်နေဟု ရွာသားများပြော

လားရှိုးမြို့အရှေ့ဘက်ကျေးရွာတချို့ တပ်မတော်မှ ရွာသားများအား ချောဆွဲခြိမ်းခြောက်နေဟု ရွာသားများပြော
မိုင်းကျက်အုပ်စုနေရာပြမြေပုံအား Google Earth မှတွေ့ရပုံ
မိုင်းကျက်အုပ်စုနေရာပြမြေပုံအား Google Earth မှတွေ့ရပုံ

(ရှမ်း)သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်အရပ်ရှိ မိုင်းကျက်အုပ်စုတွင် အစိုးရတပ်မ ၉၉ လက်အောက်ခံတပ်ရင်းများသည်ဒေသခံများ၏ အိမ်မွေးကြက်ဝက်များအား ဖမ်းယူစားသောက်ခြင်း ထော်လာဂျီများအား ချောဆွဲ လုပ်အားခိုင်းစေ မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

“သူတို့အဖွဲ့အကျီမှာ တပ်မ ၉၉ လို့ရေးထားတယ်။ ၁၀ ရက်နေ့တုန်းက သူတို့အဖွဲ့ ၄-၅ ယောက် မိုင်းကျက်အုပ်စု ၀မ့်လုံရွာကိုလာပြီး ရွာသား လုံးချင် ဆိုသူရဲ့ကြက်တွေကိုဖမ်းယူသွားတယ် ။ တန်ဖိုး ၂ သောင်းကျော်လောက်ရှိတယ်။ နောက် ၀မ့်နမ့်လင်းခန်ရွာဘက်ရောက်သွားတော့ အိုက်ထွန်းနဲ့အိုက်ကော်ရဲ့ ကြက် တွေထပ်ဖမ်းသွားတယ်။ တန်ဖိုး ကျပ်ငွေ ၄ သောင်းကျော်လောက်ရှိမယ်ပြောတယ်။ ကြက်ပိုင်ရှင်က တောင်းပန်ပေမယ့်မရဘူး။ ကျနော်တို့ဆီမှာ စီးပွါးရေးကျဆင်းနေတဲ့အထဲ ပြည်သူ့စစ်ကတဖက် တပ်မတော်ကတဖက် အခုလို လုပ်နေတော့ ရွာသားတွေအေး အေးချမ်းချမ်း မနေရပါဘူးခင်ဗျ ” – ဟု လားရှိုးရောက် မိုင်းကျက်ဒေသခံ စိုင်းပန်း က သျှမ်းသံတော်ဆင့်အား ပြောသည်။

မိုင်းကျက်တွင်စခန်းချလှုပ်ရှားသောအဆိုပါအဖွဲ့သည် ၁၃ ရက်နေ့ကလည်း ၀မ့်လင်ခန်ရွာအတွင်းဝင် ရောက်ကာ နိုင်းနန်းဆိုသူ၏ ထော်လာဂျီတစီးချောဆွဲယူဆောင်သွားပြီး ၄င်းတို့စခန်းအတွက်ရိက္ခာများ သယ်ဆောင်ခဲ့ကြောင်း၊ တန်ချိန်ပိုအလေးတင်ဆောင်သောကြောင့် ထော်လာဂျီပျက်သွားကြောင်း သို့သော် ပိုင်ရှင်အား လျော်ကြေး မပေးကြောင်း သိရသည်။

“ထော်လာဂျီပျက်သွားတော့ လျော်ကြေးမပေးတဲ့အပြင် ပိုင်ရှင်ကိုထပ်ဆဲလိုက်သေးတယ်။ အသုံးမကျဘူးတဲ့ မီးရှို့ပစ်ဖို့ဘဲသင့်တယ်တဲ့။ ပျက်သွားတဲ့ဟာပြန်ပြင်ဖို့ လျော်ကြေးလေးပြန်ပေးဖို့တောင်းတော့ တွေ့လား ငါတို့တံဆိပ် တပ်မ ၉၉ တဲ့။ ဘာမှတ်နေလဲ အရင်က လူသားတောင်မှ စားတယ်- လို့တောင်ခြိမ်းခြောက် လိုက်သေး တယ်။ ဒီတပ်က အရမ်းကြမ်းတယ်။ လူတွေသူတို့ကိုလုံးဝ မကြိုက်ကြဘူး ။ ဒါကြောင့် လူထုနဲ့နေမယ်ဆိုရင်လူထုနဲ့ပြေလည်အောင် ပြောဆိုဆက်ဆံပါလို့ သက်ဆိုင်ရာကို တင်ပြတောင်းဆိုချင်ပါတယ်။”- ဟု လားရှိုးရောက် အသက် ၅၀ အရွယ် ရွာသူတဦးကလည်း ပြောသည်။

အဆိုပါတပ်စခန်း၏ စခန်းမှူးမှာ ဗိုလ်မှူးုဖြိုးစည်သူထွန်း ဆိုသူဖြစ်ကြောင်း၊ အဆိုပါတပ်သည် ၂၀၁၃ ခုနှစ်က မိုင်းကျက် တွင် စခန်းလာ ချထား ကြောင်း၊ ရွာသားများအား လုပ်အားပေးခိုင်းစေခြင်းများပြုလုပ်လေ့ရှိပြီး လူထုနှင့်ဆက်ဆံမှုလည်းကြမ်းတမ်းကြောင်း ၊ ၄င်းတပ်သည် မိုင်းကျက်၊ မိုင်းယော် ဘက်တွင် လှုပ်ရှားသွားလာကြောင်း ရွာသားများကပြောသည်။

လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် အစိုးရတပ်၊ မန်ပန်ဌာနေပြည်သူ့စစ်တို့ သွားလာလှုပ်ရှားသည်ဟုလည်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...