လွိုင်ကော်တွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် အာဇာနည်နေ့တွင် ဖွင့်လှစ်မည်

လွိုင်ကော်တွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် အာဇာနည်နေ့တွင် ဖွင့်လှစ်မည်
ဗိုလ်ချုပ်ကြေးရုပ်ကို ဂန္ဓာဟေဝန်ပန်းခြံထဲတွင် ထားရှိရန် အောက်ခြေဖေါင်ဒေးရှင်းပြုလုပ်နေစဉ် (ဓါတ်ပုံ-လင်းသန့်/ကန္တာရဝတီတိုင်း(မ်)
ဗိုလ်ချုပ်ကြေးရုပ်ကို ဂန္ဓာဟေဝန်ပန်းခြံထဲတွင် ထားရှိရန် အောက်ခြေဖေါင်ဒေးရှင်းပြုလုပ်နေစဉ် (ဓါတ်ပုံ-လင်းသန့်/ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံထဲတွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးပုံတူကြေးရုပ်ကို လာမည့် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ရန် လျာထားကြောင်း လွိုင်ကော်မြို့နယ် မြို့နယ်စည်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“လာမယ့် အာဇာနည်နေ့မှာ ဖွင့်ဖို့ လျာထားတယ်။”ဟု ၎င်းက ပြောသည်။

သိန်းပေါင်း ၅၀၀ ကျော် ကုန်ကျခံပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ထားရှိရန်  ဖေဖော်ဝါရီလ ၁ ရက်နေ့က ကယားပြည်နယ်အစိုးရရုံးတွင် ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဂန္ဓာဟေဝန်ပန်းခြံထဲတွင် ကြေးရုပ်ထားရှိရာနေရာ၌ အောက်ခြေဖေါင်ဒေးရှင်းအတွက် စတင်ပြုလုပ်နေပြီး ကြေးရုပ်ကို မွန်ပြည်နယ်တွင် ကြေးသွန်းပညာရှင်က သွင်းလုပ်မည်ဖြစ်သည်။

ကြေးရုပ်ထုလုပ်မည့် ကုန်ကျငွေများကို ပြည်နယ်အစိုးရရန်ပုံငွေနှင့် ပြင်ပအလှူရှင်များထံမှ ကောက်ခံသွားမည်ဖြစ်သည်ဟု ကယားပြည်နယ်အစိုးရအဖွဲ ့က အဆိုပါအစည်းအဝေးတွင် ဆိုထားသည်။

Most read this week

ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...