လုပ်ငန်းများကို ကိုယ်တိုင် လက်တွေ့လုပ်ဆောင်နိုင်ရန် စွန့်ဦးတီထွင်မှု သင်တန်းတစ်ရပ် အခမဲ့ဖွင့်လှစ်

လုပ်ငန်းများကို ကိုယ်တိုင် လက်တွေ့လုပ်ဆောင်နိုင်ရန် စွန့်ဦးတီထွင်မှု သင်တန်းတစ်ရပ် အခမဲ့ဖွင့်လှစ်
by -
မူအက်စတာ

ကယားပြည်နယ်အတွင်းရှိ လူငယ်မောင်မယ်များကို စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုလုပ်ငန်းသင်တန်း အမှတ်စဉ် ၁ ကို ADNA Myanmar နှင့် AVSIတို့မှ ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် နည်းလမ်းများကို သင်တန်းပေးခြင်းဖြစ်ပြီး ဒေသအတွင်းရှိ လုပ်ငန်းအချို့သို့ ကွင်းဆင်းလေ့လာခြင်း အစီအစဉ်များလည်း လုပ်ဆောင်ပေးခဲ့သည်။

“ဒီလူငယ်တွေအတွက် အထောက်အကူဖြစ်နိုင်မယ့် စွန့်ဦးစီးပွားရေးနည်းပညာတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် ဘယ်လိုစီးပွားရေးတစ်ခုကို စနစ်တကျချဉ်းကပ်ပြီး စဉ်းစားရမလဲဆိုတဲ့ နည်းပညာကို အဓိကပေးသွားပါတယ်။ ”ဟု ADNA Myanmar တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါ်ကြည်ကြည်ငြိမ်းက ပြောသည်။

အခွင့်အလမ်းရှိပြီး ၎င်းအခွင့်အလမ်းကို ယူတတ်စေရန်အတွက် အဓိကလမ်းကြောင်းဖွင့် ဆွေးနွေးပေးသည့် သင်တန်းတစ်ခုဖြစ်သည်။

“ကျွန်တော် ဒီကိုစမလာခင်တုန်းကဆိုရင် ဘာလုပ်ရမယ်မသိဘူး သင်တန်းတက်ပြီးမှ အတွေးတွေပေါ်လာတယ် ရှိတဲ့ အရင်းအနှီးလေးနဲ့ တည်မယ်ဆိုပြီးတော့ ကျွန်တော်ဝက်မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ အောင်မြင်ရင်တော့ နောက်မှကြီးကြီးမားမားလုပ်မယ်ပေါ့”ဟု သင်တန်းသားမောင်မာချယ်လီးနိုက ပြောသည်။

သင်တန်းအတွင်း အဓိကသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်လည်း တွေ့ဆုံဆွေးနွေးပေးခြင်း၊ လက်တွေ့ကွင်းဆင်းလေ့လာခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားကာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရန်လိုအပ်သည့် နည်းပညာများကို ဆွေးနွေးပြောကြားခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

“ပို့ချပေးတဲ့ နည်းပညာတွေက နောက်ပိုင်းကိုယ့်ဒေသအတွင်းမှာ အသက်မွေးဝမ်းကြောင်းတွေ ပြန်လုပ်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။”ဟု တက်ရောက်လာသူ သင်တန်းသူတစ်ဦးက ဆိုသည်။

Batch 2သင်တန်းကို လာမည့် ဇွန်လ၁၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့တက်ရောက်လိုပါက ၎င်းတို့ထံတွင် ဖောင်များလာရောက်ဖြည့်စွက်ကာ တက်ရောက်နိုင်ကြောင်း သိရသည်။ လက်ရှိ အမှတ်စဉ် ၁ တွင်ဒေသအသီးသီးမှ သင်တန်းသား/သူ ၆ဝဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်သည်။

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...