မြန်မာ့စာတိုက်လုပ်ငန်းက လေယာဉ်လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်မှုပေးမည်

မြန်မာ့စာတိုက်လုပ်ငန်းက လေယာဉ်လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်မှုပေးမည်
by -
ခူးစိုးရယ်

ပြည်တွင်း ပြည်ပနိုင်ငံများသို့ သွားလာလည်ပတ်နိုင်ရန်အတွက် လေယာဉ်လက်မှတ်များ ဝယ်ယူခြင်းအတွက် ကယားပြည်နယ်ရှိ မြန်မာစာတိုက်လုပ်ငန်းမှ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း၊ ကယာပြည်နယ်မန်နေဂျာ ဒေါ်တင်တင်မြက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လေယာဉ်ကြောင်းလိုင်းများ ပြည်တွင်း ပြည်ပသွားလာလည်ပတ်နိုင်ရေးအတွက် မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၁၈ မတ်လတွင် စတင်လက်မှတ် ရောင်းချပေးနေပြီဟု  ၎င်း ပြောသည်။

“မိမိ သွားချင်တဲ့နိုင်ငံ လေယာဉ်လက်မှတ်ကို စာတိုက်ကနေပြီးတော့ ရောင်းချပေးမှာဖြစ်ပြီး စာတိုက်မှာ တစ်ခါတည်း ငွေချေပေးရမယ်။”ဟု ၂၀၁၈ ခုနှစ် မေ ၂၉ နေ့က လွိုင်ကော်မြို့ မြန်မာ့စာတိုက်လုပ်ငန်းရုံးတွင် ပြုလုပ်သည့် သတင်းရှင်းလင်းပွဲတွင် ဒေါ်တင်တင်မြက ပြောသည်။

သွားရောက်လိုသည့် အချိန်၊ နိုင်ငံ ၊ မြို့ နေရာလိပ်စာကို ပေးပို့ပြီး စာတိုက်မှတဆင့်ငွေချေကာ ဝယ်ယူနိုင်မည်ဖြစ်သည်။

ယခင်နှစ်တွင်မှာ ကုန်ချောပစ္စည်းအမြန် တော်တော်များများ ပြည်တွင်း ပြည်ပသို့ လုံခြုံစွာ ပေးပို့ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

မြန်မာ့စာတိုက်လုပ်ငန်းမှ ကယားပြည်နယ်တွင် စာတိုက်များ ၁၅ ခု ထားရှိပြီး လွိုင်ကော်စာတိုက်နှင့် ဘောလခဲစာတိုက်တို့သည် အဓိကကရုံးခွဲအဖြစ် ဖွင့်လှစ်ထားသည်။

“တကယ်လို့ ကားတွေမြန်လာမယ်၊ သူ့အချိန်သူ သွားနေမယ်ဆိုရင် ကယားတစ်ပြည်နယ်လုံးကို အမြန်အချော ပို့ဖို့ရှိပါတယ်။”ဟု ဒေါ်တင်တင်မြက ပြောသည်။

မြန်မာ့လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၂၂၉ မြို့နှင့်  ပြည်ပနိုင်ငံပေါင်း ၁၀၂ သို့  အမြန်ချောပေးပို့ပေးခြင်း ဝန်ဆောင်မှုလည်း ရှိသည်ဟု ဆိုသည်။

Online Shopping နှင့် သုံးစွဲသူ ပြည်သူများအကြား ချိတ်ဆက်ပေးပြီး ပစ္စည်းပေးပိုးခြင်း၊ ငွေပြန်လည်ကောက်ခံခြင်းနှင့် Home town product ဆောင်ရွက်ပေးနေသည်ဟုလည်း သိရသည်။

၎င်းအပြင် ပြည်ပနိုင်ငံပေါင်း ၃၂ နိုင်ငံသို့ ပုံမှန်ချောစာနှင့် ပစ္စည်းများပေးပို့ခြင်း ဝန်ဆောင်မှုပေးနေသည်ဟု သိရသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...