NEED Myanmar ၏ စိုက်ပျိုးရေးသင်တန်း မာန်အောင်တွင် ဖွင့်လှစ်

NEED Myanmar ၏ စိုက်ပျိုးရေးသင်တန်း မာန်အောင်တွင် ဖွင့်လှစ်
by -
အောင်လင်းထွန်း(မာန်အောင်)

NEED Myanmar မှ မာန်အောင်မြို့ မြတ်မချောင်း ကျေးရွာ ဘုန်းတော်ကြီးတွင် စိုက်ပျိုးရေး နည်းပညာ သင်တန်းတစ်ခုကို မေ ၁၇ နေ့မှ ၂၀ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပို့ချခဲ့သည်ဟု သတင်းရရှိသည်။

၎င်းသင်တန်းသို့ လူငယ်သင်တန်းသူ သင်တန်းသား ၃ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဓိကအားဖြင့် သဘာဝအတိုင်းရရှိသော သဘာဝဓာတ်မြေသြဇာဖြင့် စိုက်ပျိုးသည့် နည်းပညာများကို လက်တွေ့ သင်ကြားပို့ချခဲ့သည်ဟု NEED Myanmarမှ သင်တန်းတာဝန်ခံ ကိုဇွဲရန်နိုင်က ပြောသည်။

အစပိုင်းတွင် သင်တန်းကို မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ပြုလုပ်ရန် စီစဉ်ထားသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှးမှ ခွင့်ပြုချက် မပေးသဖြင့် တစ်ရက်နားခဲ့ရပြီး မေ ၂၀ မှ ပြီးဆုံးခဲ့သည်ဟု သူက ဆိုသည်။

NEED Myanmar သည် အစိုးရ အသိအမှတ်ပြု စိုက်ပျိုးရေး သင်တန်းကျောင်း တစ်ကျောင်းကို ရန်ကုန်တိုင်းဒေသကြီး မော်ဘီမြို့တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။

၎င်းအဖွဲ့သည် စိုက်ပျိုး သင်တန်းကို မြန်မာနိုင်ငံမှ တိုင်းရင်းသား ဒေသ ၅ နေရာ ဖြစ်သော ရခိုင်၊ နာဂ၊ ရှမ်း၊ ပလောင်နှင့် ချင်း တို့တွင် ဖွင့်လှစ် သင်ကြားပေးခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

Most read this week

June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...
June 12, 2026
မောင်စာဂ — ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍...
June 12, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ...