ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ လေးတောင်တိုက်နယ်ကို မြို့အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးရန် ရမ်းဗြဲမြို့နယ် လွှတ််တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးမှ မတ်လ ၆ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုအား ကန့်ကွက်သူမရှိသဖြင့် လေးတောင်တိုက်နယ်ကို မြို့အဖြစ်တိုးမြှင့်ရန် အဆိုကို ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ မတ်လ ၉ ရက်နေ့ ည ၄ နာရီကို နောက်ဆုံးထားပြီး ဆွေးနွေးမယ့်သူ စာရင်းကို တင်ရမယ်။ အဲဒီနောက်ပိုင်းမှာ လေးတောင်တိုက်နယ်ကို မြို့အဖြစ် အဆိုကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်က ကျေးရွာကြီး အတော်တော်များများကို မြို့အဖြစ် တိုးမြှင့်ရန် ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့အထိ မြို့အဖြစ် တိုးမြှင့်ခြင်း မခံရသေးဘဲ ရှိနေသေးကြောင်း သိရှိရသည်။







