ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ကို မြို့အဖြစ်တိုးမြှင့်ရန် အဆိုတင်

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ကို မြို့အဖြစ်တိုးမြှင့်ရန် အဆိုတင်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ လေးတောင်တိုက်နယ်ကို မြို့အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးရန် ရမ်းဗြဲမြို့နယ် လွှတ််တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးမှ မတ်လ ၆ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုအား ကန့်ကွက်သူမရှိသဖြင့် လေးတောင်တိုက်နယ်ကို မြို့အဖြစ်တိုးမြှင့်ရန် အဆိုကို ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ မတ်လ ၉ ရက်နေ့ ည ၄ နာရီကို နောက်ဆုံးထားပြီး ဆွေးနွေးမယ့်သူ စာရင်းကို တင်ရမယ်။ အဲဒီနောက်ပိုင်းမှာ လေးတောင်တိုက်နယ်ကို မြို့အဖြစ် အဆိုကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က ကျေးရွာကြီး အတော်တော်များများကို မြို့အဖြစ် တိုးမြှင့်ရန် ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့အထိ မြို့အဖြစ် တိုးမြှင့်ခြင်း မခံရသေးဘဲ ရှိနေသေးကြောင်း သိရှိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...