တောင်ကြီးမြို့တွင် နဝမတန်းကျောင်းသူတစ်ဦးဓါး ခုတ်ခံရ

တောင်ကြီးမြို့တွင် နဝမတန်းကျောင်းသူတစ်ဦးဓါး ခုတ်ခံရ
တောင်ကြီး မြို့ အ.ထ.က ၃ ကျောင်း
တောင်ကြီး မြို့ အ.ထ.က ၃ ကျောင်း

ရှမ်း(သျှမ်း)ပြည်နယ် တောင်ကြီးမြို့ တွင် ၉ တန်းကျောင်းသူ တဦးဓါးခုတ်ခံရကြောင်းသိရသည်။

မင်္ဂလာဦးရပ်ကွက် ၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် (၁၄) နှစ်အရွယ် နဝမတန်းကျောင်းသူ တစ်ဦးအား အမျိုးသားနှစ်ဦးက ဆိုင်ကယ် ပေါ်မှဓါးဖြင့် ခုတ်၍ထွက်ပြေး လွှတ်မြောက်နေကြောင်းကာယကံ ရှင်အသိုင်းအဝိုင်းထံ မှသိရသည်။

ထွက်ပြေးသွားသောအမျိုးသား(၂)ဦးအားတောင်ကြီးမြို့နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၆/၁၁၄ အရအမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရရှိ နိုင်ရန်ဆက်လက်စုံစမ်းနေကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှတာဝန်ရှိ သူများထံမှသိရပါသည် ။

ဓါးခုတ်ခံရသည့် ကျောင်းသူသည် တောင်ကြီးမြို့ အ.ထ.က (၃) တွင်ပညာသင်ကြား လျှက်ရှိပြီး ဖေဖော်ဝါရီ (၂၈) ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့် က နေအိမ်မှ ဗိုလ်ချုပ်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် အမျိုးသား(၂) ဦး စီးနင်းလာသော ဆိုင်ကယ်အား ကျော်တက်မောင် းနှင်ရာ အဆိုပါအမျိုးသား ၂ ဦးက လိုက်လံ ဆဲဆိုသဖြင့် ကျောင်းသူ လေးမှာ ထိတ်လှန့်ကာ ပညာရေးကောလိပ်ကျောင်း ရှေ့ အရောက်တွင် နေအိမ်သို့လှည့်ပြန်သွားကြောင်း သိရသည်။

ကျောင်းသူလေးမှာ မင်္ဂလာဦးရပ်ကွက် စန္ဒာလမ်းသို့ အရောက် အဆိုပါဆိုင်ကယ်နောက်မှ စီးနင်းလာသူက တုတ်တစ်ဖက် ဓားတစ်ဖက် ကိုင်ကာ တုတ်ဖြင့် ရိုက်၍ နောက်ကျောအား ဓားဖြင့် တစ်ချက် ခုတ်ခဲ့ခြင်းကြောင့် ၀ဲဘက်ပုခုံး၌ ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲဘက်နားထင်၌ နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) တို့ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းေ ဆးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအ ရသိရှိရပါ သည်။

Most read this week

June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...
June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...
June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...