မွန်ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရန် မွန်ပြည်သစ်ဥက္ကဋ္ဌ တိုက်တွန်း

မွန်ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရန် မွန်ပြည်သစ်ဥက္ကဋ္ဌ တိုက်တွန်း
by -
ဇေယျာမော်

မကြာသေးမီကမှ အပစ်ရပ် NCA လက်မှတ် ရေးထိုးထားခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ဥက္ကဋ္ဌ နိုင်ထောမွန်က  မွန်ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလအတွင်းမှာ ပါဝင်ကူညီ အားပေးကြပါလို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုန်တိုင်ရှိ M3 Food Center မှာ ပြုလုပ်တဲ့ ကမာဝက်မြို့အသင်း(ရန်ကုန်) ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ နိုင်ထောမွန်က ပြောဆိုသွားခဲ့တာပါ။

"ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ မွန်ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပြီးတော့ ကူညီအားပေးကြပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်မြောက်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင်ကြိုးစားကြဖို့ တိုက်တွန်းပါတယ်" လို့ နိုင်ထောမွန်က ပြောဆိုသွားခဲ့တာပါ။

ဒီကမာဝက်မြို့အသင်း(ရန်ကုန်) ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ကမာဝက်မြို့ ဂုဏ်ဆောင် ဆရာတော် နှစ်ပါးဖြစ်တဲ့ ကမာဝက်မြို့ ဓါတ်တော်ကျောင်း နာယကဆရာတော် အဂ္ဂမဟာပန္တဝါစက ဥူးပါလိတ ၊ ကမာဝက်မြို့ ခြင်္သေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒကုမာရ နဲ့ မွန်ပြည်သစ်ဥက္ကဋ္ဌ နိုင်ထောမွန်တို့ကို ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

"ကမာဝက် မြို့သူမြို့သားလို့ပြောတဲ့နေရာမှာ မွန်တစ်မျိုးသားလုံးနဲ့ ဆိုင်ပါတယ်။ ပြည်ထောင်စုသားအားလုံးနဲ့လည်း ဆိုင်ပါတယ်။ ဒီနေ့ပွဲဟာ ပထမဆုံးလုပ်တဲ့ပွဲဖြစ်တယ်။ ကမာဝက်မြို့ဂုဏ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေ ဆရာတော်ကြီးတွေကို အခုလိုမျိုး အခမ်းအနားနဲ့ ဂုဏ်ပြုခွင့်ရတာ ပီတိဖြစ်စရာပါ " လို့ အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မင်းဇေယျက ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါအပြင် မွန်လူမျုုိးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း မွန်ပြည်သစ် ပါတီမှ ဦးဆောင်ပြီး မွန်ပြည်နယ် ရေးမြို့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...