ခိုင်မျိုးထွန်း စစ်တွေအကျဉ်းထောင်မှ ယနေ့လွတ်ပြီ

ခိုင်မျိုးထွန်း စစ်တွေအကျဉ်းထောင်မှ ယနေ့လွတ်ပြီ
by -
နောင်ခိုင်အောင်

စစ်တွေထောင်ထဲတွင် ၁ နှစ် ၃ လ အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံခဲ့ရသူ ကိုခိုင်မျိုးထွန်းသည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

ကိုခိုင်မျိုးထွန်းသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်တွေတရားရုံးမှ နိုင်ငံတော်ကို အကြည်အညိုပျက်စေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)/၅ဝ၅(ဂ)တို့အရ ထောင်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံံခဲ့ရသည်။

၂ဝ၁၆ ခုနှစ်က ဧပြီလ ၂၄ ရက်နေ့စွဲဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြားရေးဌာန မှ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုတွင် မြန်မာ တပ်မတော်မှ အရပ်သားပြည်သူများအား ပေါ်တာဆွဲခြင်း၊ လမ်းပြ အဖြစ်ခေါ် ယူအသုံးပြုခြင်းများ ရှိသည်ဟု ကြေညာ ချက်ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်ပြီး ကိုခိုင်မျိုးထွန်းတွင် တာဝန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးထောင်ချခဲ့သည်။

ထောင်ထဲမှ လွတ်မြောက်လာသည့် ကိုခိုင်မျိုးထွန်းအား နိရဥ္စရာ သတင်းဌာနမှ မေးမြန်းရာ သူက “ရခိုင်ပြည်သူပြည်သားတွေလိုအပ်တဲ့ မွေးရာပါ မူအခွင့်အရေးပေါ့နော်။ ရခိုင်ပြည်သူ ပြည်သား အားလုံးရဲ့မွေးရာပါလိုအပ်တဲ့ လူ့အခွင့်အရေး၊ လယ်သမား အခွင့်အရေး သားငါးတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူပြည်သားတွေလိုအပ်တဲ့ အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပြောရမယ်ဆိုရင် အဲဒီအခွင့်အရေးတွေ တိုက်ပွဲဝင်တဲ့ နေရာမှာ ကျနော်က ပြည်သူနဲ့ ထပ်တူရှိနေမှာပါ။ ပြည်သူနဲ့ ပတ်သက်တာအားလုံးကို ကျနော်တတ်နိုင်သလောက် လုပ်သွားမှာပါ” ဟု ပြောသည်။

ရခိုင်ကိုခိုင်မျိုးထွန်းသည် ရခိုင့်ပြည်လွတ်မြောက်ရေးပါတီALP ပါတီမှ စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးအဆင်ရာထူးရှိသူတစ်ဦးဖြစ်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...