ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှု၊ ရဲစည်ကမ်းဖောက်ဖျက်မှုဖြင့် ရဲအရာရှိ တစ်ဒါဇင်ကျော် အရေးယူ

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှု၊ ရဲစည်ကမ်းဖောက်ဖျက်မှုဖြင့် ရဲအရာရှိ တစ်ဒါဇင်ကျော် အရေးယူ
by -
ဇေယျာမော်

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ပတ်သက်မှု၊ ရဲစည်းကမ်းများ ကျင့်ထုံးဥပဒေများအား ချိုးဖောက်မှုများကြောင့် ၂၀၁၇ တစ်နှစ်တာ ကာလအတွင်း ရဲအရာရှိ တစ်ဒါဇင်ကျော်အရေးယူထားပြီး ဖြစ်သည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အကျင့်ပျက်မှု ဖြစ်ပွားခဲ့သည့် ရဲအရာရှိ နှစ်ဦးနှင့် အမှုထမ်း ၁၆ ဦး စုစုပေါင်း ၁၈ ဦး တို့ကို အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်ခဲ့ပါသည်" ဟု အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင်  "ရဲစည်းကမ်းနှင့် ကျင့်ထုံးဥပဒေများ ချိုးဖောက်ခဲ့သည့်အတွက် ရဲအရာရှိ ၁၃ ဦးနှင့် အခြား အဆင့် ၁၄ ဦး စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၂၇ ဦးတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ပါသည်" ဟု အစိုးရထုတ်ပြန်ချက်အရ သိရသည်။

ယင်းအတွက် ၂၀၁၇ ခုနှစ်အတွင်း ရဲအရာရှိ နှင့် အခြားအဆင့် များ အရေးယူခံရမှုသည် စုစုပေါင်း ၄၅ ဦးအထိ ရှိနေခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အမှုပေါင်း ၁၃၈ မှုနှင့်တရားခံ ၁၉၁ ဦးတို့ကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ်သန်းပေါင်း ၆၅ သန်းကို ဖမ်းဆီး နိုင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စုစုပေါင်း ၁၃၈ မှု နှင့် တရားခံ ၁၉၁ ဦး ဖမ်းဆီးအရေးယူခဲ့သည်။ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး တန်ဖိုးသည် ငွေကျပ်သန်းပေါင်း ၆၅ သန်းကို ဖမ်းဆီး နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းဆောင်ရွက်မှု များနှင့် စပ်လျဉ်းပြီး အစိုးရဘက်က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အစိုးရဘက်က ဆောင်ရွက်နေသည်များကို သတင်းထုတ်ပြန်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ အရေးယူခံရသည့် ကိစ္စရပ်လည်း အပါအဝင်ဖြစ်သည်။

လွတ်လပ်စွာ သတင်းရယူခွင့် နှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်းမှ လက်ရှိအချိန် တစ်နှစ်ခွဲ ကာလအတွင်း သတင်းမီဒီယာများအား ရှစ်ကြိမ်သွားရောက်သတင်းရယူနိုင်ရန် စီစဉ်ပေးထားပြီး နိုင်ငံတကာနှင့် ပြည်တွင်းသတင်း မီဒီယာများ တစ်လလျှင်နှစ်ကြိမ် သတင်းသွားရောက်ရယူနိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်သည်ဟု အစိုးရဘက်က ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့် ဖော်ဆောင်ပေးနိုင်ရန် လွတ်လပ်စွာသွားလာခွင့်ကိစ္စရပ်များ၊ IDP စခန်းပိတ်သိမ်းရေး ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် တိုးမြှင့်ရေး ကိစ္စရပ်များကို အထူး စီမံချက်များ ရေးဆွဲဆောင်ရွက်နေသည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...