မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကနေဒါက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကနေဒါက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများကို တုံ့ပြန်သည်ဆိုကာ ကနေဒါအစိုးရ မြန်မာနိုင်ငံအပေါ် ပြစ်မှတ်သတ်မှတ် ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ် ချမှတ်ပြဌာန်းကြောင်း ကြေညာသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ကနေဒါအစိုးရကိုယ်စား နိုင်ငံရေးဝန်ကြီးဖြစ်သည့် Ms. Chrystia Freeland က ၎င်းတို့အစိုးရအနေဖြင့် အကျင့်ပျက်သော ပြည်ပတာဝန်ရှိသူများကြောင့် ဒုက္ခရောက်သူများအတွက် တရားမျှတရေး အက်ဥပဒေအရ ဗိုလ်ချုပ်မောင်မောင်စိုးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ကြောင်း ကြေညာသည်။

“မြန်မာနိုင်ငံတွင်း ဘင်္ဂါလီမွတ်စလင် (မူရင်း ရိုဟင်ဂျာဟု ပြောဆိုထား) အပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့၊ နိုင်ငံတွင်းကနေ လူပေါင်း ၆၈၈၀၀၀ ကျော်ထက်မနည်း ထွက်ပြေးကြရအောင် တာဝန်ရှိသူဖြစ်သူအတွက် ပစ်မှတ်ထားရလဒ်အဖြစ်နဲ့ ခု ဒဏ်ခတ်ပိတ်ဆို့မှုကို ချမှတ်ပါတယ်”ဟု ထုတ်ပြန်ထားသည်။

ထိုပြင် “ယခု ဗိုလ်ချုပ်မောင်မောင်စိုးကို ဒဏ်ခတ်ပိတ်ဆို့မှုအားဖြင့် ကနေဒါအနေနဲ့ မြန်မာနိုင်ငံတွင်းက ဘင်္ဂါလီမွတ်စလင်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)တွေနဲ့ အခြားသော တိုင်းရင်းသားအုပ်စုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများက ကာကွယ်သွားရေးကို ဆက်လက်ကျင့်သုံးသွားမည်ဆိုတာ ပြသခြင်းပဲ ဖြစ်ပါတယ်။”ဟု ဆက်လက်ဖော်ပြထားသည်။

“လူသားချင်း စာနာထောက်ထားရေးအပေါ် ဆန့်ကျင်တဲ့အချိန်မှာ ကနေဒါအနေဖြင့် နှုတ်ဆိတ်နေမည် မဟုတ်ပါ။ သူတို့ရဲ့ အခွင့်အရေးကို လေးစားဖို့အတွက် ကြိုးစားရုန်းကန်နေရသူတွေဖြစ်တဲ့ ဘင်္ဂါလီများနဲ့ အခြားသော လူနည်းစုတိုင်းရင်းသားတွေနဲ့အတူ အပြည့်အဝ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ကြမ်းတမ်းရက်စက် သော လုပ်ရပ်များအတွက် တာဝန်ရှိသူများကိုလည်း အရေးယူသွားရမှာ ဖြစ်ပါတယ်။” ထုတ်ပြန်ချက်၌ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Ms. Freeland က ပြောခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...