မြောက်ဦးဖြစ်စဉ် မြေပြင်ကွင်းဆင်း စစ်ဆေးမှု စမည့်ရက်ကို မသတ်မှတ်ရသေးဟုဆို

မြောက်ဦးဖြစ်စဉ် မြေပြင်ကွင်းဆင်း စစ်ဆေးမှု စမည့်ရက်ကို မသတ်မှတ်ရသေးဟုဆို
သတင်းဓာတ်ပုံ- မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်ကို လွှတ်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ- RiA)
သတင်းဓာတ်ပုံ- မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်ကို လွှတ်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ- RiA)

မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ရန် ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းထားသည့် “မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေး အဖွဲ့”အနေဖြင့် မြေပြင်ကွင်းစစ်ဆေးမှုများ စတင်လုပ်ဆောင်မည့်ရက်ကို ယခုအချိန်ထိ အတည်ပြု မသတ်မှတ် ရသေးကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သူ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတည်ပြုပြောကြားသည်။

“အဲဒီကိစ္စ အခုတလောမှာ မသွားဖြစ်သေးပါဘူး။ ကြာအုံးမှာ။ ဘယ်လောက်ကြာဦးမှာလဲ ဆိုတာ ပြောလို့ မရသေးဘူး။ အခုလောလောစဉ်အတွင်းမှာတော့ မသွားဖြစ်သေးတာ သေချာတယ်။ သွားလို့မရသေးတဲ့ အကြောင်းတွေရှိနေသေးတယ်။ အဲဒါကို နောက်မှရှင်းပြပါမယ်။” ဟု ဦးထွန်းသာစိန်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ကို ထပ်မံရရှိရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ ပထမအပတ်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးရန် စီစဉ်ခဲ့သော်လည်း ပြီးခဲ့သည့် အပတ်က တိမ်ည်ိုကျေးရွာက ဒေသခံများ ဖမ်းဆီးခံနေရမှုနှင့် ရဲတပ်ဖွဲ့က လက်လုပ်သေနတ် ရှာဖွေမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများကို ရပ်နားထားခဲ့ရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်လွှတ်တော်မှ “မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အတွက်ကြောင့် ၎င်းအဖွဲ့နှင့် စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းမဆောင်ရွက်ရန်၊ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာပါကလည်း ဖြေကြားပေးရန် မလိုကြောင်း၊ အကယ်၍ ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါက ဖြေကြားသူ၏ တာဝန်သာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် အစည်းဝေးများပြုလုပ်ကာ ဆွေးနွေး မှုများပြုလုပ်နေဆဲဖြစ်ခြင်းကြောင့် မြောက်ဦးဖြစ်စဉ် မြေပြင်ကွင်းဆင်းစစ်ဆေးမည့်ရက်ကို အတည်ပြု မသတ်မှတ်နိုင်သေးခြင်းဖြစ်ကြောင်း ဦးထွန်းသာစိန်က ဆိုသည်။

မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပရန် စီစဉ်ထားသည့် (၂၃၃)နှစ်မြောက် ရခိုင်ဘုရင် အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းအနားကို အာဏာပိုင်များက တားမြစ်ခဲ့ခြင်းကြောင့် ကျင်းပခွင့်ပြုရန် ဆန္ဒထုတ်ဖော်ခဲ့သည့် လူအုပ်ကို ရဲလုံခြုံရေးများက သေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်း ဖြိုခွင်းခဲ့ရာ အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...