ရခိုင်လူမျိုး ၂၀၀ ကျော် နယူးယောက် ကုလသမဂ္ဂရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တွင် လက်ရှိ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်

ရခိုင်လူမျိုး ၂၀၀ ကျော် နယူးယောက် ကုလသမဂ္ဂရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တွင် လက်ရှိ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်

အမေရိကန်နိုင်ငံ၊ ရခိုင်လူမှုအဖွဲ့အစည်း (American Arakan Community) မှဦးဆောင်၍ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ လက်ရှိ ဖြစ်ပေါ်နေသည့် ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲသို့ အမေရိကန်ရောက် ရခိုင်လူမျိုးစုစုပေါင်း ၂၀၀ ကျော်တက်ရောက်ပြီး ပိုစတာများ၊ ဆိုင်းဘုတ်များ၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ရုပ်ပုံပါ ပိုစတာများကို အသီးသီးကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆက်တိုက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဗမာအစိုးရမှ ရခိုင်ပြည်မြောက်ဦးမြို့မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ရခိုင် လူမျိုးတွေကို အစုလိုက်အပြုံလိုက် သေနတ်နဲက ပစ်ခတ်သတ်ခဲ့တယ်။ ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရားသဖြင့်ဖမ်းဆီး ထောင်ချထားတယ်။ ဒီလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချလိုတဲ့ အတွက် ဒီဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု အမေရိကန်ရောက်ရခိုင်လူမှုအဖွဲ့အစည်း (AAC) မှ တာဝန်ရှိသူတစ်ဦးက ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။

ယခု ဆန္ဒဖော်ထုတ်မှုသည် အမေရိကန်ရောက် ရခိုင်လူမျိုးများ၏ ဆန္ဒထုတ်ဖော်မှု သမိုင်း တစ်လျှောက်တွင် လူအင်အင်အား အများဆုံးပါဝင်ခဲ့သော ဆန္ဒဖော်ထုတ်မှု ဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...