“ဗမာကျွန်” ဟု သုံးနှုန်းခဲ့ခြင်း မရှိကြောင်း ဒေါက်တာအေးမောင်ပြောဆို

“ဗမာကျွန်” ဟု သုံးနှုန်းခဲ့ခြင်း မရှိကြောင်း ဒေါက်တာအေးမောင်ပြောဆို
by -
နောင်ခိုင်အောင်

ယနေ့ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲရန် စစ်တွေခရိုင် တရားရုံးသို့ ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်မှ သူ ရသေ့တောင်မြို့ စာပေဟောပြောရာတွင် “ဗမာကျွန်” ဟူသော အသုံးအနှုန်းကို သုံးနှုန်းပြောဆိုခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။

"တစ်ခုရှိတယ်ဗျ။ ကျနော်မပြောတာတွေပါတယ်။ ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ်ကို ဗမာကျွန်အဖြစ်သဘောထားတယ်။ အဲဒါကျနော်မသုံးဘူး။ ဒါပေမယ့် အဲဒါကို သတင်းစာတွေမှာပါလို့ ကျနော်စိတ်မကောင်းဘူး။ ဒါက ဗမာနဲ့ရခိုင်ကို ရန်တိုက်သလိုဖြစ်ပါတယ်" ဟု ခရိုင်တရားရုံးမှ အထွက်တွင် ဒေါက်တာအေးမောင်က ပြောဆိုသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) ဖြင့် တရားစွဲတင်ရန် ယနေ့ နံနက် ၁၀ နာရီ တွင် စစ်တွေခရိုင်ရုံးတွင် ရုံးထုတ်ခဲ့သည်။

“တရားလိုက ဦးခင်မောင်ဦးဖြစ်ပါတယ်။ စစ်တွေခရိုင် ထွေအုပ်ရုံးကလို့ သိရပါတယ်။ သူက နိုင်ငံတော်ပုန်ကန်မှုနဲ့ ဒေါက်တာအေးမောင်၊ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းနဲ့ ရသေ့တောင်က ဦးမောင်ဘသန်းတို့ကို စွဲဆိုတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ အေးမောင်၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ညွှန့်မောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့စစ်တွေခရိုင် တရားရုံးတွင် ဒေါက်တာအေးမောင်ဘက်မှ ရှေ့နေများအဖြစ် ဦးစံရွှေမောင်၊ ဦးခင်နု၊ ဦးအောင်ကျော်စိန်၊ ဦးကျော်ညွှန့်မောင်နှင့် ဦးဝေဟင်အောင်အတွက် ရှေ့နေလိုက်ပေးမည့် ဒေါ်အေးနုစိန်တို့အား ရှေ့နေလိုက်ရန် ပါ၀ါ တင်ခဲ့သည်ဟု သိရသည်။

ယနေ့ရုံးထုတ်လာစဉ် မိသားစုများ၊ ရင်းနှီးသူ မိတ်ဆွေများနှင့်ပါ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရသည်။

လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထပ်မံရုံးချိန်းပေးလိုက်ကြောင်းနှင့် ၎င်းနေ့တွင် တရားခံပြေး ဦးမောင်ဘသန်းအား တရားခံ ပြေးအဖြစ် အတည်ပြုပေးရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောကြားသည်။

သူတို့ နှစ်ဦးအား ဇန်နဝါရီ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်မှုနှင့် ဆက်စပ်သည့် ပုဒ်မ ၁၇(၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့်လည်း ရုံးတင် တရားစွဲဆိုခဲ့သည်။

နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် စစ်တွေခရိုင်ထွေအုပ်ရုံးမှ ဦးခင်မောင်ဦးမှ တရားစွဲဆိုခြင်း ဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှုနှင့် ဆက်စပ်သည့် ပုဒ်မ ၁၇(၁) ဖြင့် ရသေ့တောင်မြို့နယ်မှူး ရဲမှူးကျော်နုမှ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ဦးကျော်ညွှန့်မောင်က ပြောဆိုသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...