ကုလားတန်မြစ်ကမ်းပါးပြို၍ အပေါက်ဝကျေးရွာတွင် နေအိမ် ၁၁ လုံး မြစ်ထဲပါ

ကုလားတန်မြစ်ကမ်းပါးပြို၍ အပေါက်ဝကျေးရွာတွင် နေအိမ် ၁၁ လုံး မြစ်ထဲပါ
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ပေ ၃ဝဝ ခန့် ကမ်းပါးပြို၍ နေအိမ် ၁၁ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က နိရဥ္စရာကို အတည်ပြုပြောသည်။

“ပထမ မနက် ၉ နာရီမှာ တစ်ခေါက်ပြိုတုန်းက ၉ အိမ်ပါသွားတယ်။ အခု နောက်တစ်ခေါက် ထပ်ပြိုတော့ ၂ အိမ် ပါသွားတယ်။ စုစုပေါင်း ၁၁ အိမ်ပေါ့။ ပျက်စီးသွားတယ် ” ဟု အပေါက်ဝ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က ပြောသည်။

မြစ်ကမ်းပါးသည် ယင်းနေ့နံနက် ၉ နာရီခွဲခန့်မှစတင်ကာ ရွာစျေးတန်းမှ အလယ်မူဆလင် ကျေးရွာအထိ တောက်လျှောက်ပြိုသွားခြင်းဖြစ်သည်ဟုလည်း ဒေသခံ ဦးမောင်လှရွှေက ပြောသည်။

“အရင်တုန်းကလည်း ပြိုတာပါပဲ။ ဒါပေမယ့် ဒီနေ့ပြိုတာကတော့ ကျနော်တို့ရွာ ကမ်းပြိုတဲ့အထဲ ဆိုးဆိုးဝါးဝါးပြိုသွားတာပဲ။ အိမ်တွေလည်း ရေထဲပါကုန်ပြီ”ဟု ဦးမောင်လှရွှေက ဆိုသည်။

ယင်းကဲ့သို့ကမ်းပါးပြိုသွားသည့်အတွက် ကမ်းပါးတွင် တွဲကျန်ခဲ့သည့်နေအိမ်များကိုလည်း နေအိမ်ပိုင်ရှင်များက ဖြိုဖျက်နေကြသလို ကျန်ရှိသည့်စျေးဆိုင်ခန်းများမှ ကုန်ပစ္စည်းများကိုလည်း ကျေးရွာတွင်းသို့ပြောင်းရွှေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...