၅၈ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ

၅၈ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
by -
ဖနိဒါ

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော ၅၈ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အတွက် လိုင်ဇာဌာနချုပ်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တို့တွင် အခမ်းအနားများ ကျင်းပခဲ့သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပသော အခမ်းအနားတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၁၀ မျက်နှာပါ မိန့်ခွန်းကို သူကိုယ်တိုင် ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

“နံပတ်တစ်က ကျနော်တို့ ဆုတောင်းတာပါ။ ဒုတိယက ကျနော်တို့ ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားတယ်။ ကျနော်တို့ တော်လှန်ရေးလမ်းစဉ်မှာ နှစ် ၅၀ ပြည့်နဲ့ နှစ် ၄၀၊ ၃၀၊ ၂၀၊ ၁၀ ရှိတဲ့ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုတဲ့ ချီးမြှင့်တဲ့ အခမ်းအနားတွေ ပါပါတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ၅၈ နှစ်ပြည့် မိန့်ခွန်းတွင် အဓိကအားဖြင့် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးများတွင် ကချင်အမျိုးသားများ အားလုံး စည်းလုံး ညီညွတ်ကြရန်နှင့် မြန်မာ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 “အဓိကတော့ စည်းလုံး ညီညွတ်ရေး၊ ကျနော်တို့ ကချင်တိုင်းရင်းသားတွေ ညီညွတ်ဖို့ရှိဖို့လိုတယ်။ နိုင်ရေးဘက်ကနေဘဲ ဖြစ်ဖြစ် အားလုံးက ညီညွတ်ဖို့လိုတယ်။ ဘာသာရေးနဲ့ဆိုင်ပြီးလည်း ကွဲခြားတာ၊ လူမျိုးစုတွေ ကွဲပြားခွဲခြားတာတွေ ရှိတယ်။ နောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလည်း ကွဲပြားတာတွေ မရှိဖို့ အဲဒါအားလုံးက ခုခေတ်မှာ မဖြစ်သင့်ဘူး၊ အမျိုးသားရေးကို တည်ဆောက်ကြဖို့၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း စစ်ကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ ရမှာဖြစ်တဲ့အတွက် စည်းလုံး ညီညွတ်မှုက အဓိက ဖြစ်တယ်ဆိုတာ ပြောသွားတယ်”ဟု သူက ပြောသည်။

 လက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲဘော်ရဲဘက်များ၊ ပြည်သူလူထုများကိုလည်း အားပေးစကားထည့်သွင်း ပြောဆိုခဲ့ပြီး နိုင်ငံရေးပြဿနာကို စားပွဲပေါ်တွင် ဖြေရှင်းရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်ဟု သူက ပြောသည်။

 ၅၈ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့တွင် စစ်မှုထမ်းသက်နှစ် ၅၀ ပြည့် ၄ ဦးနှင့် အခြား နှစ် ၄၀ မှ ၁၀ နှစ်အတွင်း လုပ်ဆောင်ခဲ့သော ရဲဘော်ရဲဘက်များကို ဝန်ထမ်းကောင်း တံဆိပ်နှင့် အထူးဆုများ ချီးမြင့်ခဲ့သည်ဟု သိရသည်။

 ထိုလိုင်ဇာမြို့တွင် ကျင်းပသော အခမ်းအနားတွင် ဗဟိုကော်မတီဝင်များ၊ ဌာနုဆိုင်ရာ ခေါင်းဆောင်များနှင့် ပြည်သူများ ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။ အခြား ကေအိုင်အို ဌာနဆိုင်ရာများတွင်လည်း အခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။ 

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...