စစ်တွေရှုခင်းသာလမ်းရှိ တံတားနှစ်စင်း ပြန်လည်ပြုပြင် တည်ဆောက်

စစ်တွေရှုခင်းသာလမ်းရှိ တံတားနှစ်စင်း ပြန်လည်ပြုပြင် တည်ဆောက်
by -
စံမောင်သန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဂစ္ဆပနဒီမြစ်ကမ်းနဘေးကိုပတ်ပြီး ဖောက်လုပ်ထားသည့် ရှုခင်းသာလမ်းပေါ်ရှိ တံတား နှစ်စင်းမှာ ပျက်စီးယိုယွင်းနေသဖြင့် ယခုအခါ ကွန်ကရစ်တံတား အဖြစ် ပြန်လည် ပြုပြင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

တံတားအမှတ် (၁) နှင့် တံတားအမှတ်(၂) တို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာငွေဖြင့် ကျပ်သန်း ၈၀ ကျော် အကုန်ကျခံ၍ သစ်သားတံတားမှ ကွန်ကရစ်တံတားအဖြစ် ပြုပြင်တည်ဆောက်နေပြီ ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ကွန်ကရစ် တံတားဆိုတာကတော့ တံတားအောက်ခံ ခုံတွေနဲ့ တံတားဘီးတွေက ရှိပြီးသားပါ။ အပေါ်ပိုင်းတွေကို ကြံ့ခိုင်မှုပိုရှိအောင် တံတားအောက်ခံ အုတ်ခုံတွေကို ပိုခိုင်ခံ့အောင် မွန်းမံပြီးလို့ရှိရင် အပေါ်ပိုင်းကို ကွန်ကရစ်လောင်းမှာပါ”ဟု အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

တံတားအမှတ် (၁) ကို အင်းကြင်းဉာဏ် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၃၂.၅၅ သန်းကျပ် ဖြင့်လည်းကောင်း၊ တံတားအမှတ်(၂) ကို ဇွဲကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၅၂.၇ သန်းကျပ် ဖြင့်လည်းကောင်း တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ပြုပြင်တည်ဆောက်နေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းတံတား ၂ စင်းအနက် အမှတ် ၁ တံတားသည် ၆၁ ပေရှည်ပြီး၊ အမှတ် ၂ တံတားသည် ၈၄ ပေရှည်ကြောင်း သိရသည်။

ယင်းသို့ ပြုပြင်တည်ဆောက်ရာတွင် လမ်းသွားလမ်းလာများ အနှောင့်အယှက် မဖြစ်ရအောင် တံတားတစ်ခြမ်းကိုသာ ပြုပြင်နေပြီး ကျန်တစ်ခြမ်းကို လမ်းသွား လမ်းလာများအတွက် ခွင့်ပြုပေးထားသည်ဟုဆိုသည်။

အဆိုပါတံတားများကို မတ်လအတွင်း လုပ်ငန်းအားလုံး ပြီးစီးအောင် တည်ဆောက်နေပြီး တံတားတည်ဆောက်မှု ပြီးစီးသွားလျှင် သွားရေးလာရေး ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။

တံတားတည်ဆောက်နေစဉ်အတွင်း အန္တရာယ်မဖြစ်ရအောင် ပြည်သူလူထုအနေဖြင့် တံတားကို ဖြတ်ကျော်မောင်းနှင်းစဉ် စိတ်ရှည်သည်းခံပြီး သတိပေးထားသည့်အတိုင်း ဖြည်းဖြည်း မောင်းစေချင်သည်ဟု ဆိုသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...