ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မီးလောင်မှု ၁၂၁ ကြိမ် ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုးကျပ်သိန်းပေါင်း ၆၂၃၅ ကျော် ရှိ

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မီးလောင်မှု ၁၂၁ ကြိမ် ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုးကျပ်သိန်းပေါင်း ၆၂၃၅ ကျော် ရှိ
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ်အတွင်း မီးလောင်မှု ၁၂၁ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၂၃၅ ကျော် ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသော်ဒါက ထုတ်ဖော်ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်နေ့က စစ်တွေမြို့တွင် ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးသော်ဒါနှင့် တွေ့ဆုံမေးမြန်းစဉ် နိရဥ္စရာ သတင်းဌာနသို့ ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် မီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းသည် မီးသုံးစွဲသူများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ကြောင်းသူက ပြောဆိုသည်။

မီးလောင်မှုများ လျော့ကျဖို့စေရန်အတွက် ပြည်သူများအား ပညာ ပေးဟောပြောပွဲ ပြုလုပ်ရာတွင် ပြည်သူများ၏ လိုအပ်ချက်ကိုလည်း ယခုကဲ့သို့ ထောက်ပြ ပြောဆိုသည်။

“ မီးသတ်တပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်လေးကို ပြောပေးပါဆိုရင် ဘယ်သူမှ မပြောပြနိုင်ဘူး။ အဲဒီလူတွေကပဲ မီးသတ် နောက်ကျတယ်လို့ အပြစ်ပြောနေကြတာ။ သူကိုယ်တိုင်က မီးသတ်ကို ဘယ်ဖုန်းဆက်လို့ ဆက်ရမှန်းမသိပဲနဲ့ မီးလောင်တဲ့နေရာကို ကျနော်တို့က ဘယ်လို လုပ်ပြီး ကြိုတင်သိနိုင်ပါမလဲ” ဟု ရခိုင်ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးသော်ဒါက ပြောသည်။

ပြည်သူများ အနေဖြင့် မီးသတ်တပ်ဖွဲ့၏ ဖုန်းနံပါတ်များကို သိထားရန် လိုအပ်ကြောင်း၊ နံပတ် (၁၉၁)မှာ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ကြောင်း၊ စစ်တွေတွင် (၁၉၁)ဖုန်းနံပါတ်ကိုနှိပ်လိုက်လျှင် စစ်တွေ မီးသတ်ဖုန်းကို ဝင်မည် ဖြစ်ကြောင်း၊ မြောက်ဦးရောက်လျှင်လည်း ၁၉၁ ဖုန်းနံံပါတ်ကို နှိပ်လိုက်လျှင် မြောက်ဦးမီးသတ်သို့ ဝင်မည် ဖြစ်ကြောင်း၊ ရန်ကုန်ရောက်ရောက် တောင်ကြီး ရောက်ရောက် ဖုန်းနံပတ် (၁၉၁) ကိုနှိပ်လိုက်လျှက် သက်ဆိုင်ရာ ဒေသ မီးသတ်သို့ ဖုန်းဝင်မည် ဖြစ်ကြောင်း၊ ၎င်းမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးက ဘေလ်လည်းမဖြတ် အခမဲ့့ဖြစ်ကြောင်း၊ သို့အတွက် ဖုန်းနံံပါတ် (၁၉၁) ကို လူတိုင်းသိထားသင့်ရန် လိုအပ်ကြောင်း ဦးသော်ဒါက ပြောသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...