NLD ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း

NLD ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း
by -
မျိုးပြည့်သင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းကို တာဝန်ပေးအပ်ကြောင်း ဇန်နဝါရီ ၂၉ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကထုတ်ပြန်ခဲ့သည်။

၄င်း ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းအပါအဝင် အဖွဲ့ဝင်အဖြစ် ဦးဝင်းထိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမျိုးညွှန့်၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး၊ ဒေါ်လဲ့လဲ့၊ ဒေါ်ဝင်းမြမြ၊ ဦးတိုးလွင် တို့ပါဝင်ဖွဲ့စည်းထားသည်။

ထိုကဲ့သို့ ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သတ်ပြီး "အပြောင်းအလဲမဟုတ်ဘူးဗျ။ ကျွန်တော်တို့အင်အားလျော့နေတယ် ။ အင်အားတွေကလျော့နေတာ အကြောင်းကြောင်းပေါ့လေ။ အဲဒီအတွက်အင်အားဖြည့်တင်းတာ"ဟု ၄င်းဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

စည်းကမ်းပိုင်းဆိုင်ရာများမှာ မူလအတိုင်းရှိနေမည်ဖြစ်ပြီး ယခင်ကအင်အားနည်းသဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် နှေးကွေးခဲ့ပြီး ယခုအင်အားတိုးမြှင့်ပြီးပါက လုပ်ဆောင်မှုပိုင်းတွင် ပိုမိုမြန်ဆန် ထိရောက်လာနိုင်သည်ဟု ၄င်းကပြောသည်။

ယခုကဲ့သို့ ပြန်လည်ဖွဲ့စည်းသည်မှာ ပထမဗဟိုကော်မတီကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးဆုံးဖြတ်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းကဆိုသည်။

၂၀၁ရခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ ပထမဗဟိုကော်မတီကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးကျင်းပခဲ့ပြီးနောက် ထွက်ရှိလာခဲ့သောဆုံးဖြတ်ချက်များတွင် အဆင့်ဆင့်သောဗဟိုအလုပ်မှုဆောင်အဖွဲ့များကို အစားထိုးဖြည့်ဆည်းမည် ဆိုသည့်အချက် ပါဝင်လာခဲ့သည်။

ထိုဆုံးဖြတ်ချက်အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့များ၊ ပြန်ကြားရေးကော်မတီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြန်လည်ဖွဲ့စည်းသည်များကို တွေ့ရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...