ရှစ်လေးလုံးပါတီ မှတ်ပုံတင်မကျသေး

ရှစ်လေးလုံးပါတီ မှတ်ပုံတင်မကျသေး
by -
ဇေယျာမော်

ရှစ်လေးလုံးပါတီအနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်လျှောက်ထားခဲ့သည်မှာ တစ်လပြည့်မြောက်ခဲ့သော်လည်း ပါတီမှတ်ပုံတင်ရန် ရွေးကောက်ပွဲကော်မရှင်မှ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမင်းဇေယျာက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"မကျသေးဘူး။တစ်လလည်း ကျော်သွားပြီ။ သတင်းစာထဲမှာလည်း ပါတီနာမည်တို့အလံတို့တံဆိပ်တို့နဲ့ ပတ်သက်ပြီး ကန့်ကွက်ရန် ရှိမရှိ ကလည်း သတင်းစာထဲမထည့်သေးဘူး" ဟု ဦးမင်းဇေယျာက ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်ဟု ကော်မရှင်မှ ကြေညာထားခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှစ်လေးလုံးပါတီမှ ပြင်ဆင်နေသော်လည်း မှတ်ပုံတင်မကျသေးခြင်းကြောင့် အတိအကျပြောဆိုရန် ခက်နေသည်ဟု ဦးမင်းဇေယျာက ဆိုသည်။

ရှစ်လေးလုံးအမည်ဖြင့် ပါတီမှတ်ပုံတင်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့၌ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဦးကိုကိုကြီးမှ ဦးဆောင်ပြီး စာရင်းပေးသွင်းခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးပါတီ မှတ်ပုံတင်ခွင့်ပြုချက် ကြန့်ကြာနေသည့် ကိစ္စ မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိရှိရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

၈၈ မျိုးဆက် မှ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ စသည့် ပုဂ္ဂိုလ်များမှ ဦးဆောင်ပြီး ရှစ်လေးလုံးအမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်ခြင်းအပေါ်   နိုင်ငံရေးအသိုင်းအဝိုင်းမှ   ဝေဖန်မှုများရှိနေသလို ထောက်ခံမှုများလည်း ရှိနေသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...