ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းမြင့် တိုက်တွန်း

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းမြင့် တိုက်တွန်း

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဥပဒေပြုရေး မဏ္ဍိုင်မှ ပြည်သူ့လွှတ်တောကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဇန်နဝါရီ ၁၅ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

"ယနေ့ကာလသည် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အလေးထားဆောင်ရွက်နေသော ကာလဖြစ်သောကြောင့် နိုင်ငံတော် အစိုးရက အဓိကထား ကြိုးပမ်းဆောင်ရွက်နေသော   ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မှလည်း ၀ိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန်လိုပါတယ် " ဟု ပြည်သူ့လွှတ်တော် ဥက္ကဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်သည်။

ဇန်နဝါရီ ၁၅ ရက်နေ့၊ ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး  ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 “အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှသာ တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အကောင်အထည်ဖော် တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။

ပြည်သူ့အသံကို ထင်ဟပ်စေတဲ့ လွှတ်တော်တွေဟာ ပြည်သူတွေအားကိုးထိုက်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးဖြစ်ဖို့ အထူးအရေးကြီးပါတယ်” ဟု ထပ်မံတိုက်တွန်းခဲ့သည်။

ထို့ပြင် ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများ၊ တင်သွင်းသည့် အဆိုများ၊ အတည်ပြုသော ဥပဒေကြမ်းများသည် ပြည်သူလူထုအတွက်  အကျိုးရှိရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီမညီ၊ လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများနှင့်  ကိုက်၊ မကိုက် စသည်တို့ကို သေချာဆန်းစစ်ပြီး လုပ်ဆောင်ရန် ပြောသည်။

“ကျွန်တော်တို့ကို ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ တာဝန်ဝတ္တရားတွေကို အဂတိတရား ကင်းရှင်းစွာနဲ့ ဆက်လက် ကြိုးပမ်း အားထုတ်ကြပါ” ဟု ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုသည်။

အလားတူ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆင်ခြင်တုံတရား လက်ကိုင်ထား၍ ကောင်းမွန်သည့် စေတနာ၊ ရင့်ကျက်သည့် အတွေးအခေါ်များနှင့် ဉာဏ်ပညာ၊ ဗဟုသုတများကို ပေါင်းစပ်ပြီး အသုံးချနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရလဒ်ကောင်းများ  ထွက်ပေါ်လာမည်ဖြစ်သည်ဟု  ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုခဲ့သည်။

" လွှတ်တော်ရပ်နားထားစဉ်ကာလအတွင်း ကွယ်လွန်သွားခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအတွက်လည်း ကျွန်တော့်အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ " ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

လွှတ်တော်ရပ်နားထားစဉ် ကန်​ပက်​လက်​ မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံခင်၊ လဲချားမြို့နယ်​မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်​းမွန်​းတို့ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက်မှ စတင်ကျင်းပမည့် သတ္တမ ပုံမှန် စည်းဝေးကာလအတွင်း ဥပဒေကြမ်း ၂၆ ခုကို ဆွေးနွေးမည်ဖြစ်ပြီး အဆိုများအနေဖြင့် ၈ ခု တင်သွင်းမည် ဖြစ်သည်။ မေးခွန်းအနေဖြင့် ဆဌမမှ သတ္တမသို့ ပြောင်းရွှေ့မေးမြန်းထားသော ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခု အပါအဝင် အသင့်ဖြစ် ကြယ်ပွင့်ပြ ၁၇၂ ခုရှိကြောင်း သိရသည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...