ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ကျန်းမာရေးကြောင့် တာဝန်များကို စီမံဘဏ္ဍာ ၀န်ကြီး ဦးသန်းနိုင် ခေတ္တ လွှဲယူထား

ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ကျန်းမာရေးကြောင့် တာဝန်များကို စီမံဘဏ္ဍာ ၀န်ကြီး ဦးသန်းနိုင် ခေတ္တ လွှဲယူထား
by -
ဇေယျာမော်
ဇူလိုင်လအတွင်းက ကားမတော်တဆဖြစ်မှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်လာသည့် ၀န်ကြီးချုပ်နန်းခင်ထွေးမြင့်အား တွေ့ရစဉ် - ဓါတ်ပုံ- သူရ(မဇ္စျိမ)
ဇူလိုင်လအတွင်းက ကားမတော်တဆဖြစ်မှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်လာသည့် ၀န်ကြီးချုပ်နန်းခင်ထွေးမြင့်အား တွေ့ရစဉ် - ဓါတ်ပုံ- သူရ(မဇ္စျိမ)

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၏ ကျန်းမာရေးအခြေအနေကြောင့် ဝန်ကြီးချုပ်၏ တာဝန်များကို ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်မှ တာဝန်ယူထားသည်ဟု ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"သူ့ခြေထောက်က တော်တော်နာသွားလို့ပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုံးမှာ အစည်းအဝေးလုပ်တော့ လဲမလိုဖြစ်သွား တယ်လေ။ ခွင့်ကဘယ်လောက်ဆိုတာတော့ မပြောဘူး" ဟု ဦးမင်းတင်ဝင်းက ဆိုသည်။

ပြီးခဲ့သည့် နှစ် ဇူလိုင်လအတွင်းက ကားမတော်တဆ ဖြစ်ပွားခဲ့ခြင်းကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

ယင်းဒဏ်ရာအခြေအနေမသက်သာခြင်းကြောင့် ဝန်ကြီးချုပ်က ခေတ္တခွင့်ယူခြင်းဖြစ်ပြီး ပြင်ပတွင် သတင်းများ ထွက်ပေါ် နေသည့် ၄၅ ရက် ခွင့်ယူသည့် သတင်းများ မဟုတ်မှန်ကြောင်း ဦးမင်းတင်ဝင်းက ပြောဆိုခဲ့ သည်။

ဝန်ကြီးချုပ်၏ တာဝန်များကို ပူးတွဲတာဝန်ယူသည့် ဦးသန်းနိုင်သည် ကရင်ပြည်နယ် ဘားအံမဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ပြည်နယ် စည်ပင်သာယာရေး ၊ စီမံဘဏ္ဍာဝန်ကြီး တာဝန်ယူထားသူလည်း ဖြစ်သည်။

တာဝန်လွှဲပြောင်းရယူခြင်းနှင့်ပတ်သက်ပြီး မဇ္စျိမမှ ဦးသန်းနိုင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေး ပြုလုပ်နေသည်ဟု ပြန်လည်ဖြေဆိုခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...