(၂၁) ရာစု ပင်လုံ တတိယအစည်းဝေး ကျင်းပမယ့် ရက်ကို နောက်ဆုတ်ရန် တိုင်းရင်းသားများ လိုလား

(၂၁) ရာစု ပင်လုံ တတိယအစည်းဝေး ကျင်းပမယ့် ရက်ကို နောက်ဆုတ်ရန် တိုင်းရင်းသားများ လိုလား
PPST အရေးပေါ် အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ စတင်ကျင်းပနေပုံ။ ဓာတ်ပုံ- NCA EAOs ဖေ့ဘွတ်ခ်
PPST အရေးပေါ် အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ စတင်ကျင်းပနေပုံ။ ဓာတ်ပုံ- NCA EAOs ဖေ့ဘွတ်ခ်

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးဖို့ ကျန်ရှိနေသေးတာကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ (တတိယအကြိမ် အစည်းဝေး) ကို ဇန်နဝါရီလ နောက်ဆုံး အပတ်မှာ မကျင်းပသေးဘဲ ယင်းညီလာခံကို ထိရောက်စွာ ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားတွေဘက်က အစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက်လက် ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

အခုလို အစိုးရနဲ့ ဆက်လက် ညှိနှိုင်းသွားဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ၁၂ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၈) ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ (တတိယအစည်းဝေး) ကို ဒီဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပပြုလုပ်သွားဖို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရဘဲ ကန့်သတ်ပိတ်ပင်ခံ ထားရတာတွေနဲ့ ပတ်သတ်ပြီးတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းအဖြေရှာပြီးမှသာ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းဝေးကို ဆက်လက်ပြုလုပ်သွားဖို့ တိုင်းရင်းသားတွေဘက်က အလိုရှိနေတာဖြစ်ပါတယ် ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၃ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပခဲ့ကြတာဖြစ်ပြီး ဒုတိယအကြိမ် ညီလာခံကိုတော့ ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပခဲ့ပြီးလည်း ဖြစ်ပါတယ်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...