ရခိုင်မြောက်ပိုင်းဒေသများတွင် ပိုင်ရှင်မဲ့ မိုးစပါးရိတ်သိမ်းမှု ရပ်တန့်

ရခိုင်မြောက်ပိုင်းဒေသများတွင် ပိုင်ရှင်မဲ့ မိုးစပါးရိတ်သိမ်းမှု ရပ်တန့်

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များရှိ ပိုင်ရှင်မဲ့ မိုးစပါးရိတ်သိမ်းမှုကို အပြီးသတ် ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

နေရပ်အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်ထွက်ပြေးသွားကြသူများ၏ စိုက်ပျိုးကျန်ရှိခဲ့သော စပါးများကို စတင်ရိတ်သိမ်းချိန်ဖြစ်သော ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် စတင်ကာ ဒီဇင်ဘာလ ၂၅ ရက်နေ့ထိ ရိတ်သိမ်းခဲ့ကာ ရိတ်သိမ်းချိန် ကျော်လွန်သွားပြီဖြစ်သလို ရိတ်သိမ်းရာတွင် စက်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေခဲ့၍ကြောင့်ဟု သိရသည်။

 “စပါးတွေက အချိန်လွန်သွားပြီ။ ရိတ်စက်တွေကလည်း ခရီးမတွင်တော့ဘူး။ ဒါကြောင့် အဲဒီနေ့ကစပြီး လုံးဝမရိတ် တော့ဘူး။ တန့်ပစ်လိုက်တယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးက ဦးကျော်လွင်က ပြောသည်။

ရိတ်သိမ်းချိန် ၃ လ အတွင်းတွင် လယ်ဧကပေါင်း ၈၀၀၀ ကျော်ကို ရိတ်သိမ်းနိုင်ခဲ့ကာ ထွက်ရှိသည့် စပါးများမှ တင်း ၁၀၀ ကို ငွေကျပ်  ၃၁၀၀၀၀ နှုန်းဖြင့် Family Aye Chan ကုမ္ပဏီနှင့် ရခိုင်ဆန်စပါးအသင်းတို့ကို တိုက်ရိုက် ဘဏ်မှာ ငွေချေစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

“ရိတ်သိမ်းပြီးတဲ့စပါးတွေကို ရခိုင်ပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်။ နောက် မောင်တောက ကုန်သွယ်ရေး ဦးအောင်မြင့်သိန်းတို့နှစ်ယောက်ကို ရောင်းချလိုက်တာ။ တိုက်ရိုက် ဘဏ်မှာငွေချေစနစ်နဲ့ သူတို့ကိုပဲ ရောင်းတာ။ အဲဒီငွေတွေကိုုတော့ ပြည်ထောင်စုရဲ့မူဝါဒအတိုင်း သွားရမှာပေါ့။” ဟု ဝန်ကြီး ဦးကျော်လွင်က ဆက်ပြောသည်။

ထို ၃ မြို့နယ်အတွင်းရှိ လယ်ဧကပေါင်း ၄၅၂၈၆ ဧကမှ မိုးစပါးများကို အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရိတ်သိမ်း စက် ၄၄ လုံးဖြင့် ရိတ်သိမ်းခဲ့ကာ လယ်ပေါင်း ၈၀၀၀ ကျော်ကိုသာ အပြီးသတ်နိုင်ခဲ့ပြီး ကျန်ဧကများကိုမှု ရိတ်သိမ်းနိုင်မှု ကာလကျော်လွန်သွားခြင်းနှင့် ရိတ်သိမ်းစက်အားနည်းချက်တို့ကြောင့် မရိတ်သိမ်းနိုင်ခြင်းဖြစ်သည်။

စပါးများရိတ်သိမ်းရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ရောင်းချရေး အတွက် စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ထိုစပါးများကို ရောင်းချ၍ရသည့် ငွေများကို မောင်တောခရိုင်အတွင်းမှ တိမ်းရှောင်သွားသူများ နေရပ်သို့ပြန် လည်ရောက်ရှိချိန်တွင် ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ထားကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...