ဖားကန့် မြေပြိုကျမှုကြောင့် ရေမဆေးရှာဖွေသူ ၄ ဦးတူးဖော်နိုင်ပြီး ရှာဖွေမှု ရပ်ဆိုင်း

ဖားကန့် မြေပြိုကျမှုကြောင့် ရေမဆေးရှာဖွေသူ ၄ ဦးတူးဖော်နိုင်ပြီး ရှာဖွေမှု ရပ်ဆိုင်း
by -
ဖနိဒါ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းအောင်ရပ်ကွက်အပိုင် နမ့်မှော်ကျေးရွာအနီး ရတနာစန်းရွှင် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ၏ စွန့်ပစ်မြေစာပုံ ပြိုကျမှုထဲ မြေပိသွားသည့် ရေမဆေးကျောက် ရှာဖွေသူ ၄ ဦးအလောင်း ရှာဖွေရရှိပြီ ဖြစ်ကြောင်း ဆိပ်မူအုပ်စု မီးသတ်ဦးစီးမှူး ဦးအေးသိန်းက ပြောသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့က မြေပြိုမှုထဲ မြေပိနေသူ ၃ လောင်းကို ရွာဖွေရရှိခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီချိန်တွင် ၁ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၄ လောင်းကို   တွေ့ရှိခဲ့ပြီးနောက် ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း  သူက မဇ္စျိမကို ပြောသည်။

“ဒီမနက် ၉ နာရီမှာ တလောင်းတွေ့တယ်။ အားလုံး လေးလောင်းရပြီ။ အောက်မှာ ၁၅ ယောက်၊ ၂၀ ယောက် ရှိတယ်လို့ ပြောတာဘဲ၊ ဒါပေမဲ့ ၄ လောင်းပဲ တွေ့တယ်။ မြေတူးစက် သုံးစီးနဲ့ရှာတာ မတွေ့လို့ ခုတော့ ရပ်လိုက်ပြီ။ မရှိတော့ပါဘူး”ဟု ဦးအေးသိန်းက ပြောသည်။

မြေစာပြိုကျမှုထဲတွင် ပါသွားသူ ၂၀ ခန့်ရှိမည်ဟု ပြောဆိုမှုများရှိသော်လည်း မြေတူးစက် ၃ စီးဖြင့် တူးဖေ်ာခဲ့ရာ အမှန်တကယ် ၄ ဦးအလောင်းကိုသာ တွေ့ရှိပြီး ထပ်မံ တွေ့ရှိခြင်း မရှိတော့သဖြင့် ရှာဖွေတူးဖော်မှုကို ရပ်ဆိုင်းလိုက်သည်ဟု သူက ပြောသည်။

ဖားကန့်ကျောက်စိမ်းကုမ္မဏီများ၏ မြေစာပုံပြိုကျမှုကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အထိ မြေပြိုမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့က ၆ ဦး၊ ဇန်နဝါရီလ ၆ ရက်နေ့က ၅ ဦးနှင့် ဇန်နဝါရီလ ၁၀ ရက်က ဖြစ်ပွားသော မြေပြိုမှုတွင် ရေမဆေးရှာသူ ၄ ဦးသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၅ ဦးထိ သေဆုံးခဲ့ပြီ ဖြစ်သည်။ 

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...