ဒိုင်းနက်လူမျိုးအား မူလနာမည်ဖြစ်သော သက္ကမဌာနီတိုင်းရင်းသားလူမျိုးဟု ခေါ်စေလို

ဒိုင်းနက်လူမျိုးအား မူလနာမည်ဖြစ်သော သက္ကမဌာနီတိုင်းရင်းသားလူမျိုးဟု ခေါ်စေလို

ရခိုင်မျိုးနွယ်ဝင်စုဝင် လူမျိုးတစ်မျိုး ဖြစ်သည့် သက္ကမ ဌာနီတိုင်းရင်းသားလူမျိုးအား ဒိုင်းနက် လူမျိုးဟု အများက ခေါ်ဝေါ်နေကြသည့် အသုံးအနှုန်းကို မနှစ်သက်ဟု သက္ကမ တိုင်းရင်းသား လူမျိုးတို့က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ မူရင်းနာမည် ဖြစ်တဲ့ သက္ကမ နာမည်ကို အခေါ်မခံရဘဲ ဒိုင်းနက်ဆိုတဲ့ နာမည်ကိုပဲ ခေါ်နေကြတယ်။ ဒါကို လုံးဝ သဘောမကျပါဘူး။ ဒီနေ့သက္ကမ အမျိုးသားနေ့ ကနေ ကျွန်တော် တို့ကို ကျွန်တော်တို့ ခေါ်စေချင်တဲ့ သက္ကမ ဌာနီတိုင်းရင်းသားလို့ ခေါ်စေချင်ပါတယ်” ဟု ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း မီးကျောင်းဆွဲရွာတွင် ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် သက္ကမ အမျိုးသားနေ့တွင် သက္ကမ လူမျိုးတစ်ဦး ဖြစ်သည့် ဦးစိုးသူရထွန်း ကပြောသည်။

၎င်းပြင်းယခုအမျိုးသားနေ့ ပွဲတော်ကို ကျင်းပ ပြုလုပ်ခြင်းအားဖြင့် သက္ကမ လူမျိုးတို့အပေါ် မြန်မာ ပြည်သူများက ပိုမိုသိရှိလာစေရန်သာမက သူတို့အား ဒိုင်းနက်လူမျိုးဟု မခေါ်ဘဲ သက္ကမ လူမျိုးဟု ခေါ်စေချင်သည့် အတွက်လည်း ဖြစ်သည်ဟု သူက ပြောဆိုသည်။

ဆရာတော် အရှင် ဇောတိပါလမှလည်း အစိုးရကနေ သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ဒိုင်းနက်ဟု ဖော်ပြခံထားရသည်ကို မူလ အမျိုးအမည် ပြန်လည်ရရှိအောင် စာတင်ဆောင်ရွက်နေပြီဟု ပြောကြားသည်။

“ဒိုင်းနက် ဆိုတဲ့ နာမည်ကနေ သက္ကမ နာမည်ရဖို့ သက်ဆိုင်ရာဌာန ပေါင်းစုံကို စာတင်တောင်းဆိုထားတယ်” ဟု သက္ကမ လူမျိုး ဖြစ်သည့် အရှင် ဇောတိပါလ ကပြောသည်။

သက္ကမလူမျိုးတို့၏ အမျိုးသားနေ့ ပြုလုပ်ရခြင်း အကြောင်းအရင်းမှာလည်း သက္ကမ လူမျိုးကို ဒိုင်းနက်ဟုသာ သိရှိကြပြီး သက္ကမလူမျိုး ဟုသာ သိရှိလာစေရန် ပြုလုပ်ရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...