ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်ပြီး အစိုးရမှ သတင်းမီဒီယာအပေါ် မှားယွင်းစွာ ကိုင်တွယ်နေဟုဆို

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်ပြီး အစိုးရမှ သတင်းမီဒီယာအပေါ် မှားယွင်းစွာ ကိုင်တွယ်နေဟုဆို
by -
ဇေယျာမော်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များအား သတင်းမီဒီယာများမှ သတင်းရယူရာတွင် အစိုးရဘက်မှ ကန့်သတ်မှုများရှိနေပြီး မီဒီယာအပေါ် အစိုးရဘက်မှ သဘောထားအမြင် မှားယွင်းနေသည်ဟု သတင်းမီဒီယာ ကောင်စီဝင်များက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ  တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေးနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် စကားဝိုင်းတွင် ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က  "အောက်တိုဘာလ တိုက်ခိုက်မှုက စပြီး သတင်းရယူခွင့်တွေက လွတ်လွတ်လပ်လပ်မရှိခဲ့ဘူး။ သတင်းသမားတွေသတင်း ယူရာမှာ ကာကွယ်ပေးတဲ့အနေအထားမရှိခဲ့ဘူး" ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်မောင်တောဒေသအတွင်း နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ စခန်းများကို ၂၀၁၆ အောက်တိုဘာလ တွင်တစ်ကြိမ် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယင်းဒေသများကို အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်နေစဉ်ကာလအတွင်း သတင်းမီဒီယာများကို လွတ်လပ်စွာ သွားလာသတင်းယူခဲ့ခြင်း မပြုခဲ့ပေ။

"လက်ရှိ အစိုးရကိုယ်တိုင်က သတင်းအချက်အလက် လုံလောက်အောင် မရဘူး၊ ဒါမှမဟုတ် သတင်းအမှားတွေရနေတယ် ဆိုတာ ကျွန်တော်တို့ မြင်ရတယ် သတင်းမီဒီယာသမားတွေအနေနဲ့ အစိုးရဆီက သတင်းအချက်အလက် တိကျစွာ ရဖို့ ခဲယဉ်းနေတယ်" ဟု မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ဆိုသည်။

အစိုးရမှ ဖွဲ့စည်းပေးထားသည့် မစ္စတာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှ အကြံပြုထားသည့်အချက်များထဲတွင် ရခိုင်ပြည်နယ်အတွင်း သတင်းမီဒီယာ သမားများကို လွတ်လပ်စွာသွားလာပြီး သတင်းရယူခွင့်ပေးရန်ဆိုသည့် အချက် ပါရှိသည်။ သို့သော်လည်း လက်ရှိအချိန်အထိ သတင်းမီဒီယာများအနေဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သတင်းသွားရောက်ရယူခွင့်  မရှိသေးပေ။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...