အဖမ်းဆီးခံသတင်းသမား ၂ ဦးရုံးထုတ်ချိန်တွင် ရန်ကုန်သတင်းသမားများ ဆန္ဒဖော်ထုတ်မည်

အဖမ်းဆီးခံသတင်းသမား ၂ ဦးရုံးထုတ်ချိန်တွင် ရန်ကုန်သတင်းသမားများ ဆန္ဒဖော်ထုတ်မည်
by -
ဒေါင်းလူ

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦး ရုံးထုတ်ချိန်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ၄င်းတို့လွတ်မြောက် ရေးအတွက် ရန်ကုန်သတင်းသမားများစုပေါင်း၍ ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရလျို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်း ဋ္ဌာနမှ ကိုသက်ဦးမောင်(ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး(ခ) ကိုမိုးအောင်တို့၏ ရုံးချိန်းတွင် ဆန္ဒထုတ်ဖော် ရန်အတွက် မင်္ဂလာဒုံတရားရုံးနှင့် အင်းစိန်မြောက် ပိုင်းခရိုင်တရားရုံးပြင်ပတို့တွင် ခွင့်ပြုမိန့်တင်ထား သည်ဟု မြန်မာသတင်းများကာကွယ်ရေးကော်မတီ (PCMJ) မှ မသူဇာက မဇ္ဈိမသို့ ပြောသည်။

" မနက်ဖန်မှာ သတင်းသမားတွေ စုပေါင်းပြီး ဆန္ဒ ထုတ်ဖော်သွားမယ်၊ သတင်းဋ္ဌာနအသီးသီးက မီဒီယာ ညီအကိုမောင်နှမတွေ စုစုစည်းစည်းနဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်းဖိနှိပ်မှုအတွက် ဗီနိုင်း၊ ပိုစတာတွေနဲ့ ဆန္ဒထုတ်ဖော်သွားမယ်" ဟု မသူဇာက ပြောသည်။

နှစ်နေရာခွဲ၍ ခွင့်ပြုမိန့်တင်ရခြင်းမှာ ၄င်းတို့ရုံးထုတ် ပြီး ရမန်ယူမလား၊ သို့မဟုတ် ရမန်မယူဘဲ အမှုစွဲ တင်ပြီး၊ ခရိုင်တရားရုံးပို့မလား အတိအကျမသိရ သည့်အတွက် မလွဲချော်စေရန်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ၄င်းတို့ လွတ်မြောက်ရေးအတွက် ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းခြင်းများလည်း ပြုလုပ်ခဲ့သည်။

ရိုက်တာသတင်းဋ္ဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သတင်းသမားနှစ်ဦးအနေဖြင့် အရေးကြီးလုံခြုံရေးစာရွက်စာတမ်းများကို ပြည်ပသတင်းဌာနများသို့ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်ရယူဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင် ဖေါ်ပြခဲ့သည်။ ၄င်းတို့နှစ်ဦးကို သမ္မတရုံးခွင့်ပြုချက်ဖြင့် ဖမ်းဆီးခဲ့သည်ဟုလည်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောထားသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပါအဝင် အီးယူ၊ သတင်းသမား များ အကာအကွယ်ပေးရေးကော်မတီနှင့် မြန်မာ သတင်းသမားများဖွဲ့ ၁၂ ဖွဲ့ထက်မနည်းတို့က မြန်မာ အစိုးရကို ထိုကိစ္စအား ရှင်းလင်းပေးရန်နှင့် ဖမ်းဆီး ခံသတင်းသမား ၂ ဦးတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြောင်း သိရသည်။

 

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...