ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရွေ့ဆိုင်း

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရွေ့ဆိုင်း
by -
စိုးသူအောင်
ရှမ်းတပ်မတော် (RCSS)မှ တပ်သားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)
ရှမ်းတပ်မတော် (RCSS)မှ တပ်သားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ရှမ်း (သျှမ်း) လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲ(အကြို)လူထုတွေ့ဆုံပွဲများကို တပ်မတော်မှ ဟန့်တားခဲ့ခြင်းများကြောင့် ပြည်သူလူထု၏ လွတ်လပ်သော အမြင်သဘောထားများကို မရရှိဟုဆိုကာ လင်းခေးမြို့တွင် ကျင်းပရန်ရှိသည့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(လူမျိူးအလိုက်) ကို ကျင်းပရန်ရွှေ့ဆိုင်းလိုက်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကကြေညာလိုက်သည်။

“ ပြည်သူလူထုတွေရဲ့ သဘောထားမပါဘဲနဲ့ ကျွန်တော်တို့က ကိုယ့်သဘောထားနဲ့ကိုယ် လုပ်ဖို့ခက်ပါတယ်။ ဒါကြောင့် လင်းခေးပွဲကို ရွေ့ဆိုင်းရခြင်းဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ရှမ်းခေါင်းဆောင်တွေအားလုံးက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါ။ မူအရ RCSS ကထုတ်ပြန်တာပါ။ ဘယ်အချိန်မှာ ပြန်လုပ်ဖြစ်မယ်ဆိုတာတော့ ဆွေးနွေးထားခြင်းမရှိသေးပါဘူး “ ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ဦးစိုင်းကျော်ညွှန့်ကပြောသည်။

 ထို့အပြင် တောင်ကြီးတွင်ပြုလုပ်မည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ  (အကြို) ကိုလည်းအစိုးရနှင့် တပ်မတော်မှ သဘောမတူသည့်အတွက် လည်း ဆွေးနွေးပွဲအတွက် အခက်အခဲရှိကြောင် း ၄င်းကဆက်လက်ပြောသည်။

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(လူမျိူးအလိုက်) ကို လင်းခေးမြို့တွင် ဇန်နဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ ပြုလုပ်ရန် အစိုးရ၊ တပ်မတော် တို့နှင့် RCSS တို့သဘောတူညီချက်ရယူထားခြင်းလည်းဖြစ်သည်။ သို့သော်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နေ၍ အကြိုလူထုတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်မည်ဆိုပါက နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အညီ ခွင့်ပြုထားသောနေရာများ၌သာပြုလုပ်သွားရန် ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် RCSS/ SSA သို့အကြောင်းကြားထားကြောင်းသိရသည်။

 ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(လူမျိူးအလိုက်) မှရရှိလာသည့် ဆွေးနွေးချက်များကို မကြာမှီလပိုင်းအတွင်း ကျင်းပရန်ရှိနေသည့် တတိယ အကြိမ် ၂၁ ပင်လုံညီလာခံတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်သောကြောင့် လူထုအသံသည် အရေးပါသည့်အခန်းဏ္ဍတွင်ရှိနေသည်။

ရှမ်းပြည်နယ်အတွင်းရှိ (၅၅) မြို့နယ်အနက် မြို့နယ်ပေါင်း ၁၄ မြို့နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(အကြိူ) ထူထု တွေ့ဆုံးပွဲများကို ပြုလုပ်ခဲ့သည်။ထိုသို့ပြုလုပ်ရာ မြို့နယ်အများစုတွင် တပ်မတော်၏ တားဆီးမှုများရှိခဲ့သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...