ဖားကန့်၌ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၅ ဦး ထပ်မံ သေဆုံး

ဖားကန့်၌ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၅ ဦး ထပ်မံ သေဆုံး
by -
ဖနိဒါ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာရှိ ကျောက်စိမ်းတွင်း လုပ်ကွက်အတွင်း မြေပြိုမှုကြောင့် ဇန်နဝရီလ ၆ ရက်နေ့က ရေမဆေးကျောက်ရှာသူ ၅ ဦး သေဆုံး ထပ်မံ သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

“လုပ်ကွက်အတွင်း ကျောက်ကမ်းပါး ပြိုကျမှုကြောင့် လုပ်ကွက်အတွင်း တရားမဝင် ဝင်ရောက်တူးဖော်နေတဲ့ ရေ မဆေးကျောက် တူးဖော်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်”လို့ ဖားကန့်အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မောမောင်ဘွမ်ကျေးရွာအောက်ရှိ ဂျိတ်လန်း ကုမ္မဏီနှင့် ပုဂ္ဂလိက လုပ်ကွက် အမှတ် ၅၃ မှ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယခုရက်ပိုင်းက မိုးရွာခြင်းနှင့် ကျောက်စိမ်းကုမ္မဏီများ၏ မိုင်းခွဲသည့် တုန်ခါမှုများကြောင့် ကျောက်ကမ်းပါးများ ပြိုကျမှုများကြောင့် ရေမဆေးရွာဖွေသူများ သေဆုံးမှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

နှစ်စဉ်နှစ်တိုင်း ကျောက်စိမ်းတွင်းရှိ စွန့်ပစ်မြေစာများ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ သေဆုံးသူများဘက်မှ နစ်နာကြေး ရရှိခြင်းများ မရှိသလို၊ နစ်နာကြေးရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့ အစည်းများ မရှိကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။

 “မြေစာပြိုတာ မိုးကလည်းရွာတယ်။ မြေစာစနစ်တကျ မပစ်တာ၊ ကျောက်တွင်းတွေကို ကြိုက်သလောက် တူးယူပြီးတော့ မြေပြန်ဖို့ထားတာဘဲ။ သေသွားတဲ့လူတွေကို နစ်နာကြေးပြန်ရဖို့ ကူညီပေးတဲ့အဖွဲ့တွေ မရှိဘူး။ သေသွားရင် ကိုယ့်မိသားစုနဲ့ ရွာသားတွေဘဲ သဂြိုလ်လိုက်ကြတာဘဲ”ဟု သူက ပြောသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဝေခါကျေးရွာတွင်း မြေပြိုမှုကြောင့် သေဆုံးသွားသူများနှင့် ပတ်သက်၍ အချက်အလက် သွားရောက် ကောက်ယူရန် မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နေ့တွင် သွားရောက် ကြည့်ရှုမည် ဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် နှစ်စဉ် ကျောက်စိမ်းတွင်းမြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူများ မကြာခဏ သေဆုံးမှုများရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယခုနှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ဆန်းတွင် ဒုတိယအကြိမ် မြေပြိုမှုကြောင့် လူ ၁၁ ဦးထိ သေဆုံးခဲ့ပြီ ဖြစ်သည်။

 

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...