KIO ခေါင်းဆောင်သစ် ပြောင်းသော်လည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပေါ်လစီအတိုင်း ဆက်သွားမည်ဟုဆို

KIO ခေါင်းဆောင်သစ် ပြောင်းသော်လည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပေါ်လစီအတိုင်း ဆက်သွားမည်ဟုဆို

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန်လွဲအပ်သော အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်နေ့က လိုင်ဇာမြို့ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။

အသက် ၇၂ နှစ်အရွယ် ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားက ကျန်းမာရေးကြောင့် အနားယူခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လအား ဥက္ကဌတာဝန် လွဲပြောင်းလိုက်သော်လည်း ကေအိုင်အို၏ ပေါ်လစီအတိုင်း ဆက်သွားမည် ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဘာမှ ပေါ်လစီ အပြောင်းအလဲတော့ ရှိမှာမဟုတ်ပါဘူး။ ကျနော်တို့ကတော့ နိုင်ငံရေးပိုင်း ဆိုင်ရာမှာလည်း ပြောင်းလဲတာ မရှိပါဘူး။ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်က တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းနဲ့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကတော့ ရနိုင်တယ်ဆိုပြီး သဘောထားရှိပြီးသား ဖြစ်ပါတယ်။ အဲဒီအတိုင်း ဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့ တာဝန်လွဲအပ်သည့် အခမ်းအနားတွင် ခရစ်ယာန်ဘာသာအရ ဆုတောင်း ဝတ်ပြုခြင်း အခမ်းအနား ကျင်းပ၍ ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရားမှ တာဝန်လွဲအပ်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌ သစ် ဗိုလ်ချုပ်ကြီး အင်ဘာလကလည်း တာဝန်လက်ခံကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်ဟု သူက ပြောသည်။

 KIO ဥကဋ္ဌသစ်အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌအဖြစ် လက်ရှိ စစ်ဦးစီးချုပ် တာဝန်ယူနေသော ဒုဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်၊ ဒုဥက္ကဋ္ဌ ( ၂) အဖြစ် ဆရာကြီး ဦးဆွမ်းလွှတ်ဂမ်၊ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် ဂွမ်မော်နှင့် KIC ဒုဥက္ကဌ (၂)အဖြစ် ဗိုလ်ချုပ် ဇောင်းဘုတ်ထန်းတို့ တာဝန်လွဲအပ်ခဲ့ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈၊ ၂၉ ၊ ၃၀ ရက်နေ့များတွင် ကျင်းပသော ဗဟိုကော်မတီစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...