တောင်ဇလပ်ပန်းများအားကာကွယ်ရန် campaign ပြုလုပ်

တောင်ဇလပ်ပန်းများအားကာကွယ်ရန် campaign ပြုလုပ်

တောင်ဇလပ်ပန်းများအားကာကွယ်ရန် campaign ကို သိုင်ငင်းလမ်းခွဲနှင့် ထုတ်လိုင်လမ်းခွဲ(လေထန်ကုန်း) တွင်တီးတိန်လူငယ်များ နှင့်သစ်တောဌာနပူးပေါင်းပြီးဒီဇင်ဘာလ (၃၀) ရက်နေ့တွင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

သိုင်ငင်းလမ်းခွဲသည် ကလေး နှင့် တီးတိန်၊ ဖလမ်း၊ ဟားခါးကြားသွားလာလျက်ရှိသည့်မော်တော်ယဉ်များ ဆုံရာလမ်းခွဲတစ်ခုဖြစ်ပြီး Campaign ဦးဆောင်အဖွဲ့မှ ခရီးသွားကားများနှင့်ခရီးသည်များကို စတီကာနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။

Campaign ဦးဆောင်သူတစ်ဦးဖြစ်သည့် မုန်နိုးက ” နှစ်နေရာမှာလုပ်တာပေါ့။ လူငယ်အင်အား ၂၀ လောက်ရှိတယ် ။ကျွန်တော်တို့ ခရီးသွားတွေကိုလည်း Survey ကောက်တယ်။ရရှိချက်တွေကို စာတမ်းလုပ်ပြီး လွှတတော်နဲ့အစိုးရကိုလည်းပေးပို့သွားပါမယ်” ဟုပြောသည်။

စတီကာတွင် တောင်ဇလပ်ပန်းပုံနှင့်အတူ တောင်ဇလပ်ပန်းများကိုကာကွယ်ပါဆိုသည့်စာဖြင့်လည်းကောင်း၊ လက်ကမ်းစာစောင်တွင် တောင်ဇလပ်ပန်းသည် ချင်းပြည်နယ်၏ သင်္ကေတဖြစ်ကြောင်း၊ အပင်ရှင်သန်ရန် ၃၀ ရာခိုင်နှုန်းသာသေချာသဖြင့် သဘာဝအလျောက်ပေါက်သည့်အပင်ကိုကာကွယ်ရန်၊ ယခင်ကတောင်ဇလပ်ပန်းအဖြူများပင်ရှိခဲ့သော်လည်း ထိန်းသိမ်းမှုနည်းခြင်းကြောင့် တောင်ဇလပ်ပင်အနီများကိုသာတွေ့ရတော့ကြောင်း၊ အချိန်မီမကာကွယ်ပါကအနီလည်း နောင် ၁၀ နှစ်တွင်မြင်တွေ့ရတော့မည်မဟုတ်ကြောင်း ပါရှိသည်။

ခရီးသွားပြည်သူများမှချင်းတောင်၌သဘာဝအလျောက်တစ်နှစ်တစ်ကြိမ်သာပွင့်သည့် တောင်ဇလပ်ပန်းကို အကိုင်းချိုးခြင်း၊ အပင်လိုက်ခုတ်ခြင်းများ နှစ်စဉ်ဖြစ်ပွားပြီး ယခုနှစ်တွင် အဆိုပါလုပ်ရပ်များ လူမှုကွန်ယက်စာမျက်နှာတွင် ပိုမိုကျယ်ပြန့်လာခဲ့သည်။

လွန်ခဲ့သည့်ရက်များကလည်း ခေါ်နူးစုမ်တောင်တွင် တက်ကြွချိုးလူငယ်များပူးပေါင်းပြီး တောင်ဇလပ်ပန်းမခူးရန် ပေါ်စတာကပ် campaign ပြုလုပ်ခဲ့ကြသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...