၂၀၁၇ တွင် ယာဉ်တိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၄၆ ဦးရှိ

၂၀၁၇ တွင် ယာဉ်တိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၄၆ ဦးရှိ
by -
မဘုကေ
ရခိုင်ပြည်နယ်မှ မတော်တဆဖြစ်စဉ်အတွင်း တိမ်းမှောက်သွားသည့် ကားတစ်စီးကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်မှ မတော်တဆဖြစ်စဉ်အတွင်း တိမ်းမှောက်သွားသည့် ကားတစ်စီးကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့ထိ ယာဉ်တိုက်၍ သေဆုံးသူ ၁၄၆ ဦးရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ပမာဏသည် ယခင်နှစ်ကထက် ပိုများလာကြောင်း၊ ၂၀၁၆ ခုနှစ် အတွင်း ရခိုင်ပြည်နယ်ရှိ ယာဉ်တိုက်သေဆုံးသူဦးရေ ၁၂၀ ခန် ့ရှိခဲ့ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ ယနေ့ အချိန်ထိ ယာဉ်တိုက်၍ သေဆုံး သူဦးရေ ၁၄၆ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနမှ ရဲအုပ်မျိုးသန် ့က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ယာဉ်တိုက်မှု များလာခြင်းမှာ ရခိုင်ပြည်နယ်ရှိ ယာဉ်အရေအတွက်မှာ ယခင် နှစ်ထက်ကထက် များပြားလာပြီး အများစု ကားမောင်းသူများမှာ ယာဉ်စည်ကမ်းကို လိုက်နာမှု မရှိ၍ ဖြစ်သည်ဟု သူက ပြောဆိုသည်။

စစ်တွေ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး ဉာဏ်လင်းက “ ယာဉ်မောင်းနှင်သူတွေက ယာဉ်စည်းကမ်းကို မသိဘူး၊ မူးရူးပြီးတော့မောင်းတယ်၊ အချိန်ပြင်းပြင်းမောင်းကြတယ် ၊ နမော်နမဲ့ နိုင်ကြလို ့ ယာဉ်တိုက်တာ များလာပြီးတော့ ယာဉ်တိုက်သေဆုံးတာတွေ များလာတာဖြစ်ပါတယ်” ဟု ပြောသည်။

မြို့ထဲတွင် မိုင် ၃၀ အထက် ပိုမောင်းနှင်ခွင့် မရှိသော်လည်း ဆိုင်ကယ်များမှာ သတ်မှတ် မိုင်ထက် ပိုမောင်းနှင်ကြကြောင်း၊ နောက်တစ်ကြောင်းမှာ အရက်သေစာသောက်စားမောင်းနှင်မှုက ပိုများ၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အမြန်လမ်းများတွင်လည်း အရှိန်ပြင်းပြင်း မောင်းခြင်းကြောင်း အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည် ဟု သိရသည်။

ယာဉ်မတော်တဆ တိုက်မှုမှာ ၂၀၁၆ခုနှစ်တွင် ၄၀၄ မှု ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ယနေ့ အချိန် အထိ ယာဉ်တိုက်မှု ၄၀၀မှုသာ ရှိကြောင်း သူက ပြောသည်။

 

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...