ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်းစည်းရန် ရခိုင်မျိုးချစ်ပါတီ ကမ်းလှမ်း

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်းစည်းရန် ရခိုင်မျိုးချစ်ပါတီ ကမ်းလှမ်း
by -
စံမောင်သန်း

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ပေါင်းစည်းရန်အတွက် ရခိုင်မျိုးချစ်ပါတီ APP မှ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်၍ ကမ်းလှမ်းလိုက်သည်ဟု သိရသည်။

“ပြောရမယ်ဆိုရင် ALD ရဲ့ မူဝါဒနဲ့ ကျနော်တို့ APP ရဲ့ မူဝါဒက တူပါတယ်။ အဲဒါကြောင့် မူဝါဒအရ ရခိုင်အမျိုးသား အကျိုးစားပွားကို ဖော်ဆောင်နိုင်ဖို့အတွက် အခုလို ကမ်းလှမ်းလိုက်ရခြင်း ဖြစ်ပါတယ်”ဟု ရခိုင်မျိုးချစ်ပါတီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ ကမ်းလှမ်းချက်အပေါ် ALD ဘက်မှ ယနေ့အချိန်ထိ တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိသေးကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ကမ်းလှမ်းခဲ့တာဆိုတော့ ရက်ပိုင်းပဲ ရှိပါသေးတယ်။ သူတို့ဘက်က ဘယ်လိုမျိုး တုန့်ပြန်လာမလဲဆိုတာကို စောင့်မျှော်နေတုန်းပါ”ဟု ဦးခင်မောင်ထွန်းက ပြောသည်။

လက်ရှိအခြေအနေတွင် တိုင်းရင်းသားဒေသများ၌ နိုင်ငံရေးပါတီများအနေဖြင့် တစ်စုတစ်ဝေးတည်းဖြင့် မဟာမိတ်အဖြစ်သော်လည်းကောင်း၊ ပေါင်းစည်း၍ သော်လည်းကောင်း နိုင်ငံရေးအင်အား ကောင်းလာအောင် ဆောင်ရွက်ရန်လိုအပ်လာသည့်အတွက် ALD ပါတီနှင့် ပေါင်းစည်းရန် ကမ်းလှမ်းရခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ရှိ ရခိုင်နိုင်ငံရေး အနေအထားကတော့ ရခိုင်ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါးနေတဲ့ အခြေအနေ၊ စိတ်ပျက်နေတဲ့ အခြေအနေတွေကို ရောက်ရှိနေပါတယ်လို့ သုံးသပ်မိပါတယ်” ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ ရခိုင့်နိုင်ငံရေးအပေါ် ရခိုင်ပြည်သူများက စိတ်ပျက်နေမှုများကို ကုစားနိုင်ရန် APP အနေဖြင့် ကြိုးစားသွားမည်ဟု သိရသည်။

အဆိုပါကမ်းလှမ်းချက်ကို ဒီဇင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင်မျိုးချစ်ပါတီ APP ၏ ၄ ကြိမ်မြောက် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...