ဖမ်းဆီးခံသတင်းသမား ၂ ဦးကိစ္စ မီဒီယာဥပဒေဖြင့် ဖြေရှင်းပေးလိုကြောင်း သတင်းမီဒီယာကောင်စီ တောင်းဆို

ဖမ်းဆီးခံသတင်းသမား ၂ ဦးကိစ္စ မီဒီယာဥပဒေဖြင့် ဖြေရှင်းပေးလိုကြောင်း သတင်းမီဒီယာကောင်စီ တောင်းဆို

ဖမ်းဆီးထိမ်းသိမ်းခံထားသည့် သတင်းသမား၂ ဦး ကိစ္စ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်း မီဒီယာဥပဒေဖြင့်ဖြေရှင်းခွင့်ရလျှင် ဖြေရှင်းပေးလိုကြောင်း အစိုးရသို့ တောင်းဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရန်ကုန်မြို့၊ Orchid Hotel တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ "သဘောထားရပ်တည် ချက် ထုတ်ပြန်ရှင်းလင်းပွဲ" အခမ်းအနားတွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်းမီဒီယာကောင်စီ၏ ထုတ် ပြန်ချက်တွင် အကယ်၍ သတင်းထောက် ၂ ဦးကို တရားရုံးတင် စစ်ဆေးမည်ဆိုလျှင် ကျွမ်းကျင်သူ အသိသက်သေ အနေဖြင့် မီဒီယာကောင်စီမှ ဆောင်ရွက်လိုသည် ဆိုသည့်အချက်နှင့်အတူ ဥပဒေရေးရာ အထောက် အကူလိုအပ်မည်ဆိုလျှင်လည်း မီဒီယာကောင်စီ အား လုပ်ဆောင်ခွင့်ပေးစေလိုကြောင်း ဖော်ပြထား သည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေ ဖြင့် သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှုများ၊ ပေါက်ကြားလာသော အကြောင်းအရာများ၊ ကန့်သတ်သတင်း အချက်အလက်များနှင့် သတင်းရင်းမြစ်ကာကွယ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရပ်တည်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဖမ်းဆီးခံသတင်းသမား ၂ ဦးကိစ္စနှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းက ရနိုင်သမျှဆောင်ရွက် သွားမည်ဖြစ်ပြီး၊ သတင်းမီဒီယာဥပဒေကိုလည်း ပြင် ဆင်နိုင်ရန်ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြော သည်။

"သတင်းမီဒီယာဥပဒေရှိတယ်၊ အဲဒီဥပဒေကို ကြိုက် လားဆိုတော့ မကြိုက်ဘူး၊ ကျွန်တော်ကိုယ်တိုင်က မကြိုက်ဘူး၊ မကြိုက်လို့ပဲ တပြည်လုံးလှည့်ပြီးတော့ တိုင်းနယ်ပြည်နယ် ၁၄ ခုလုံးမှာ လိုက်ပြီးတော့ ဆန္ဒ တောင်းခံပြီးပြီ၊ ပြင်ချင်တဲ့အချက်တွေရှိတယ်၊ ပြင် ချင်တဲ့အချက်တွေကို တင်ပြီးပြီ၊ ပြင်လို့ရရင် ဝန်ကြီး ဋ္ဌာနကသော်လည်းကောင်း၊ နောက် လွှတ်တော်က သော်လည်းကောင်း ပြင်ပေးပါလိမ့်မယ်၊ အဲဒီပြင်တဲ့ ဘောင်ထဲကနေပြီးတော့ ကျွန်တော်တို့ ကောင်စီ အနေနဲ့ ရှိနေတဲ့တည်ဆဲဥပဒေဘောင်ထဲကနေပြီး လှုပ်ရှားသွားမှာပါ" ဟု ဦးသီဟစောက ပြောသည်။

ရိုက်တာသတင်းဋ္ဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင် မောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို ပြီးခဲ့ သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ရခိုင်မြောက် ပိုင်း လုံခြုံရေးဆောင်ရွက်ချက်များ အပါအဝင် ၎င်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ ပေါက်ကြားစေရန် ရည်ရွယ်သည်ဟု ဆိုကာ ဖမ်းဆီး စစ်ဆေးနေ သည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပါအဝင် အီးယူ၊ သတင်းသမား များ အကာအကွယ်ပေးရေးကော်မတီနှင့် မြန်မာသတင်းသမားများဖွဲ့ ၁၂ ဖွဲ့ထက်မနည်း မြန်မာအစိုးရကို ထိုကိစ္စအား ရှင်းလင်းပေးရန်နှင့် ဖမ်းဆီးခံသတင်းသမား ၂ ဦးတို့ကို ပြန်လွှတ်ပေးဖို့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင်လည်း တောင်းဆိုထား ကြောင်း သိရသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...