ပြည်သူ့အခြေပြု အလုပ်ရုံဆွေးနွေးပွဲ စစ်တွေမြို့နယ်မှ ကျေးရွာ ရ ရွာတွင်ပြုလုပ်နေ

ပြည်သူ့အခြေပြု အလုပ်ရုံဆွေးနွေးပွဲ စစ်တွေမြို့နယ်မှ ကျေးရွာ ရ ရွာတွင်ပြုလုပ်နေ
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ပြည်သူ့အခြေပြု တာဝန်ခံမှု၊ တာဝန်ယူမှုသင်တန်းနှင့် ပြည်သူ့ အသံကြားနာမှု အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့နယ်ရှိ ကျေးရွာ (၇) ရွာတွင် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲကို ဌာနဆိုင်ရာ ၄ ခုနှင့် လူမှုအဖွဲ့အစည်းတို့မှ စုပေါင်းကာ နိုဝင်ဘာလ နောက်ဆုံအပတ်မှ စတင် ပြုလုပ်လျက်ရှိသည်ဟု သတင်းရရှိသည်။

“ပြည်သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာဘာလဲ၊ အစိုးရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုက ဘာတွေ ရှိသလဲဆိုတာကို ပြည်သူတွေကို သိစေချင်တဲ့အတွက်ရယ်၊ နောက်တစ်ခုက ကောင်းမွန်တဲ့ စီမံ အုပ်ချုပ်မှု ဆိုတာ ဘာလဲဆိုတာတွေကို ပြည်သူတွေကိုသိစေချင်လို့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်နေတာပါ” ဟု လူထု အခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖွဲ့(ABCD) အတွင်းရေးမှူး သင်တန်းဆရာ နိုင်ထူးကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကျေးရွာတစ်ရွာမှ လူ ၄ဝ ဦးအား ၂ ရက်ကြာစီ အလှည့်ကျပြသနေခြင်းဖြစ်ပြီး ကျေးရွာ ရ ရွာမှ လူပေါင်း ၂၈ဝ အား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“စုစုပေါင်းကတော့ ရ ရွာပါ။ တစ်ရွာကို နှစ်ရက်ကျစီ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျေးရွာတွေကတော့ ကန့်ကော်ကျွန်း၊ နာရီကန်၊ အောင်မင်္ဂလာ၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ ရေချမ်းပြင်၊ ကျက်တောပြင်တို့ ဖြစ်ကြပါတယ်” ဟု သင်တန်းဆရာ နိုင်ထူးကျော်က ပြောသည်။

အဆိုပါသင်တန်းကို ရန်ကုန်အခြေစိုက် Scholar Institute အဖွဲ့၏ ကူညီဦးဆောင်မှုအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖွဲ့(ABCD) တာဝန်ယူဖွင့်လှစ်နေခြင်းဖြစ်သည်။

ပြည်သူ့အသံကြားနာမှုဟူသည် ခေါင်းစဉ်အောက်တွင် ဌာနဆိုင်ရာများဖြစ်ကြသည့် မြိုနယ် ကျေးလက်၊ မြို့နယ်စည်ပင်၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေးဟူသော ဌာနဆိုင်ရာ အဖွဲ့ ၄ ဖွဲ့ နှင့် လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖွဲ့(ABCD) တာဝန်ယူ ဖွင့်လှစ်နေခြင်း ဖြစ်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...